Sunday, September 21, 2008

အိုဒ္ဒြိဇ(၀ါ)ရူးသွတ်ခြင်း

ငါ..၊မမြင်ရတဲ့အတွေး အဆိပ်လို့ဆိုလေမည်လား
ငါ…၊အသိခက်တဲ့တေး အချစ်လို့ ဆိုလေမည်လား
ငါ…၊ပင်ယံတင့်ဆန်း သစ်ခွပန်းလို့ တင်စားခဲ့လေသလား
ငါ…၊ဆွယ်တော်တစ်ခြမ်း အသည်းကွဲလို့ ဆိုလေမည်လား
ငါ…၊တမ်းတမ်းတတ လွမ်းဆွတ်ခြင်းလို့ ဆိုလေမည်လား
ငါ….၊ငါ….၊ငါ…..၊
အထက်ပါ အချက်ငါးချက်နဲ့ တပ်မက်ခဲ့
နင်…၊အပြုံးတစ်ချက် မဟာဆန်ခဲ့ လေသလား
နင်…၊အကြည့်တစ်ချက် ဥပေက္ခာ ဆန်ခဲ့လေသလား
နင်…၊ခြေလှမ်းတစ်ဝင့် မြင်သူရူး ခဲ့လေသလား
နင်…၊မဲ့ပြုံးတွေဖန်ဆင်း အတုအယောင် တွေတဲ့လား
နင်…၊မြင်သူကြည်ရှူံး ဒူးထောက်ခစား စေခဲ့လေသလား
နင်…၊နင်…၊နင်…၊
အထက်ပါ အချက်ငါးချက်နဲ့ ၀င့်ဝါခဲ့
နင်နဲ့ငါ…၊မာဏချင်းပြိုင် မာယာတွေသုံးခဲ့
နင်နဲ့ငါ…၊အချစ်ခြင်းပြိုင် သံစဉ်တွေ မမှန်ခဲ့
နင်နဲ့ငါ…၊ဂုဏ်ဒြပ်ချင်းပြိုင် ဆွယ်တော်တွေယိုင်ခဲ့
နင်နဲ့ငါ…၊အလွမ်းချင်းမပြိုင် နင်သာအနိုင်ယူသွားခဲ့
နင်နဲ့ငါ…၊နင်နဲ့ငါ…၊နင်နဲ့ငါ…၊
အထက်ပါ အချက်တွေနဲ့
မယ်လိုဒီတွေ ပျက်သုဏ်းခဲ့ဖူးတယ်
လမ်းမှားတွေထက် ကြယ်တွေကြွေပြခဲ့ဖူးတယ်ဘ
ရင့်ကျက်မှုတွေမရသေးခင် မဝေးဆုံးဆိုတာ ရှိလာရတယ်
ကြာခဲ့ပါပြီ နင်နဲ့ငါ မဆုံဖြစ်တော့တာ
ကြာခဲ့ပါပြီ နင်နဲ့ငါ ယှဉ်ပြိုင်ခဲ့ကြဖူးတာ
ကြာခဲ့ပါပြီ နင်ကိုငါ အရှုံးပေးခဲ့ဖူးတာ
ခုချိန်မှာတော့ အောင်နိုင်သူရဲ့နေလောင်ပြုံးကို
ငါ….၊အုဒ္ဒြိဇ ဖြစ်နေတုန်းဘဲ……….၊……………၊…………။

1 comment:

Anonymous said...

ငါ .ငါ ..နင် ..နင်တွေနဲ့ကဗျာတွေ ဖန်တီးထားတာ

မိုက်တယ်ဗျာ ...နောက် အတုခိုးရေးကြည့်အုံးမယ်

ဟီး :P

Related Posts with Thumbnails