Wednesday, January 13, 2010

သူငယ်ချင်းတွေကပြော ကြတယ်..၊ ဘယ်နေရာ ဘယ်လိုသော အချိန်တွေမှာ ဘဲ ဖြစ်နေပါစေ ပျော်ရွှင်အောင် နေပါတဲ့..။ မှန်ပါတယ်..၊ ကျွန်တော်ပျော်ရွှင်အောင် နေခဲ့တယ်..။တကယ်လည်း ပျော်ရွှင်ခဲ့ဖူးတယ်.။ ဒါပေမယ့် ခက်နေတာက ၀ါသနာခင်ဗျ ၊တစ်နည်းဆိုရရင်တော့ ပိုးပေါ့လေ ။ အဲဒီ့ပိုးက တော်တော် နဲ့ တော့ အပိုးမသေချင်ဘူး .။ ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီး တော်တော် ကလေးကြာတဲ့ ပိုးကိုက်တဲ့ ဝေဒနာဆိုတာကြီးကို မနည်းပျောက်အော် ကုစားးလိုက်ရတယ်.။ ဒီကြားထဲ Mozilla နဲ့ IE နှစ်ခုစလုံးမှာ ဘလော့ကို ၀င်လို့ မဘူးဖြစ်နေတာလေ.။ Denine ဆိုတာတွေက သွားလေရာရာမှာ ပေါ်နေတော့ အတော်ကလေး ဆိုးတော့တာပေါ့.။ ဒါနဲ့ဘဲ ကံကောင်းထောက်မစွာနဲက လွန်ခဲ့တဲ့လ၀က်ခန့်လောက်က ဘာရ်မဟုတ်ဘူး အိမ်နားမှာ ဆိုင်သစ်တစ်ဆိုင်ဖွင့်တော့ အဲဒီ့မှာ Flock ဆိုတာကို စမ်းသုံးမိရင်း ဘလော့ထဲ ပြန်ဝင်လို့ ရသွားတာဘဲ.။ ဘာပြောကောင်းမလဲ ပျော်တာပေါ့.။ သိတယ်မဟုတ်လား ပိုးလေပိုး။ ထားလိုက်ပါတော့ နောက်ဆို ကျွန်တော် ရင်ဖွင့်ခဲ့ဖူး ခိုနားခဲ့ဖူးတဲ့ ဒီနေရာာလေးကို ဘယ်နေရာ ဘယ်ဒေသရောက်နေရောက်နေ အသုံးပြုသွား ဦးမှာပါဘဲ.။ သူငယ်ချင်း အပေါင်းကိုလည်း ဒီနေရာကနေ တောင်းပန်နေပါတယ်လို့ ..၊ အထူးသဖြင့် တစ်ချိန်က ကျွန်တော်နဲ့ တစ်ခန်းတည်း အတူနေခဲ့ကြဖူးတဲ့ မလေးက အစ်ကိုလိုတစ်မျိုး သူငယ်ချင်ငယ်ပေါင်းကြီးလိုပါ ခင်ခဲ့ ရတဲ့ ကိုရင်ခတ်နွယ် နဲ့ Stupid Deno လို့ ခေါ်ခဲ့ဖူးတဲ့ သူငယ်ချင်း နှစ်ယောက်ကိုပေါ့.။ တောင်းပန်ပါတယ် သူငယ်ချင်းတို့ရာ..။

ဒီမှာထပ်ရေး

Wednesday, January 7, 2009

အားလုံးကို နှုတ်ဆက်ဲ့ပါတယ်

ရင်ထဲမှာ ရည်မှန်းခဲ့တာတွေ မျှော်လင့်ခဲ့တာတွေ ဘယ်လောက်ဘဲ ရှိခဲ့ပါစေ..၊ အချိန်တန်လာပြီ ဆိုရင်တော့ အားလုံးသော လူတွေရဲ့ နှုတ်ဖျားမှာ နောက်ဆုံး ဆိုတာကိုတော့ ပြောကြရတာပါဘဲ..။ အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြဆုံကြ ၊ ကွေကွင်းကြရပေမယ့် ဘလော့ဂါအပေါင်းရဲ့ နှလုံးသား အစိတ်အပိုင်း (၀ါ) ရင်ဖွင့်ရာ လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီနေရာလေးကို တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ (second life) ပေါ့လေ..။ နောက်ဆုံး ဆိုတဲ့ စကားတစ်ခွန်းနဲ့ အားလုံးကိုကျောခိုင်း သွားကြတဲ့ ဘလော့ဂါတွေ ဒုနဲ့ဒေးပါ.။ ဒီလောက်ဆိုရင် ခရီးသွားလို့ နာမည်ပေးထားတဲ့ “ဖိုးကြယ်” တစ်ယောက် ဘာကိုဆိုလိုသလဲဆိုတာ စာရှုသူတွေ နားလည်လောက်မယ် ထင်ပါတယ်.။ ဒီ့တော့ နှုတ်ဆက်ခဲ့ပါတယ် ဘလော့ကလေးရယ် ဆိုပြီးတော့ ၊ ဒီနေ့ဒီအချိန်ထိ ခရီးသွား တစ်ယောက်ရဲ့ အကြာင်းကို ဘာဆို ဘာတစ်ခုမျှ ကျွန်တော်မရေးခဲ့မိဘူးလေ..။ ဒီ့တော့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများ အနေနဲ့ ဖိုးကြယ်ရဲ့ နောက်ဆုံး ပိုစ်လေးကို ရှုစားရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ အကြောင်းကိုပါ သိရှိနားလည်နိုင် ကြပါစေလို့.............................။

ခရီးသွားတစ်ဦး ရဲ့ မှတ်တမ်း

မွေးဖွားလာကတည်းက သေဆုံးသည်အထိ လူသားတိုင်း ၊သတ္တ၀ါတိုင်းဟာ ခရီးသွားတွေချည်းပါဘဲ..။ ကြမ်းတမ်းတာ ရှိသလို ဖြောင့်ဖြူးတာလည်း ရှိမှာဘဲယ. ခက်ခက်ခဲခဲနဲ့ လျှောက်လှမ်းရတာ တွေရှိသလို ရေစုန်မှာ မျှောလိုက်ရတာတွေလည်း ရှိဖူးကြမှာဘဲ.။ ဒါပေမယ့် အဓိကကတော့ သေသည်အထိ သွားနေရမဲ့ ခရီးသွားတွေချည်းဘဲ မဟုတ်ပါလား..။ ကျွန်တော်လည်း ခရီးသွာံးတစ်ဦး ဘဲမို့ လူမှန်းသိပြီ ဆိုကတည်းက မိမဲ့ဘ၀နဲ့ လျှောက်ခဲ့တဲ့ခရီး ခုဆို နှစ်ပေါင်းနှစ်ဆယ် တိုင်ခဲ့ပြီ.။ လူကြီးသူမတွေ ဆုံးမခဲ့ကြလို့ တစ်ဆယ့်ရှစ်နှစ်ဆိုတဲ့ အတိုင်းအတာကို ပထမအရွယ် ဆိုတာမှန်း သိခဲ့ရပေမယ့် ပညာကျတော့ မပြည့်စုံခဲ့တဲ့ ကျွန်တော့်ရဲ့ မှတ်တမ်းပေါ့..။ မိဘမပြည့်စုံလို့လည်း မဟုတ် ၊ဥာဏ်ရည်နိမ့်လာဆိုတော့ ဒါလည်းမဟုတ်ါးဆိုဘာကြောင့်လဲ ဆိုတော့ အတွေးထဲမှာ ဒါမျိုးစဉ်းစားမိတယ်လေ “နိုင်ငံရဲ့ ဘွဲ့ရ တစ်ယောက်ဖြစ်တာထက် မိသားစုတစ်ခုလုံးမှာ ၀င်ငွေအကောင်းဆုံးလူ ဖြစ်တာမှ ပိုကောင်းသေးတယ် ”လို့ ခံ.ယူခဲ့မိတယ်..။ ဒါက လူငယ်တိုင်းလိုလို ဖြစ်ခဲ့ဖူးတဲ့ ခံစားချက်ဘဲ..။ ဒီ့တော့ သူများတွေလို ကျောင်းမပြီးခင် ကျွန်တော့ရဲ့ ဒုတိယအရွယ်ကို စတင်ခဲ့မိတယ် ဆိုပါတော့..။ ဒီမှာတင် ဘ၀ဆိုတဲ့စကားကို လူတွေနဲ့ စကားပြောဖြစ်တိုင်း သုံးတတ်လာသလို ၊ရည်းစားထား အိမ်ထောင်ဖက် ဆိုတာတွေလည်း ကောင်းကောင်း နားလည်နိုင်ခဲ့ပြီလေ..။ ဒါဟာခရီး တစ်ခုကို သွးနေတာဘဲ မဟုတ်ပါလား..။ သည်ခရီးရဲ့ လမ်းဆုံးမှာ ဘာတွေရှိမလဲ ဘယ်သူမှမသိနိုင်တဲ့ မေးခွန်းပါ..။ ကိုယ့်ခရီးကိုကိုယ် အကောင်းဆုံးဖြစ်အောင်တော့ သွားနေကြသူတွေ ချည်းပါဘဲ..။ ဒါပေမယ့် လူဆိုင်းလိုလို ရဲ့ စိတ်ထဲနှလုံးသားထဲမှာတော့ ခရီးသွားတယ်ဆိုတာကို မသိချင်ယောက် ဆောင်နေကြသလို ခရီးဆိုတာကိုလည်း တမင်တကာကို မေ့ထားသလို ပြုမူဆက်ဆံနေကြတာ စာဖတ်သူတွေလည်း အသိပါဘဲ။ လူလိမ် ၊လူဖြောင့် ၊မောက်မာသူ ပျော့ညံ့သူ စသည်ဖြင့် နေရာတိုင်း လိုလိုမှာပြည့်နေတာ ၊ ဒါဟာတမင်မေ့ထားတာနဲ့ အတူတူဘဲလို့ ပြောလိုက်သလိုပါဘဲနော်........။
မေ့ထားတော့ကော ဘာများထူးလာလို့လဲ တစ်နေ့မဟုတ် တစ်နေ့တော့ ရောက်ရှိရမှာပါဘဲလေ။ တစ်ကယ်တော့ သတ္တ၀ါဆိုတာ စဖြစ်ပြီဟေ့ဆို ကတည်းက သေသူတွေချည်း ပါဘဲ.။ တစ်ခုရှိတာက မသေခင်မှာ ဘာတွေလုပ်ကြမလဲဆိုတာနဲ့ ကိုယ်ယုံကြည့်ရာကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ဘဲ လိုပါတယ်..။ မြန်မာလူုမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော့်ကတော့ မိဘကျေးဇူးကို ပြန်ဆပ်ဖို့ဘဲ ရည်ရွယ်ပါတယ်..။ ဒါကျွန်တော်လုပ်နိုင်သမျှတွေထဲကမှ အကောင်းဆုံးဆိုရင်လည်း မမှားနိုင်ဘူး ထင်ပါရဲ့.။ ဘာကြောင့်လဲဆိုတော့ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးမှာ မိဘကျေးဇူးကို အကောင်းဆုံး(၀ါ) အပြည့်ဝဆုံး ပြန်ဆပ်နိုင်တဲ့ နည်းဆိုလို့ တစ်လမ်းတည်းသာရှိတာပါ..။ ပြီးတော့ အဲဒီ့လမ်းကလည်း သားယောင်္ကျားလေးများသာ တတ်နိုင်ပြီး ထိုအမျိုးကောင်းသားဟာ ကံ ၊ ဥာဏ် ၊ ၀ိရိယ နဲ့လည်း ပြည့်စုံသူ ဖြစ်ရပါမယ်တဲ့..။ဆိုလိုတာက သူရူးမဟုတ်ရဘူး၊ ကျိုးကန်းသူမဟုတ်ရဘူး စတာကိုဆိုလိုတာပါ..။ ဘလော့ဂါအဖွဲ့အစည်းကနေ ဘာကြောင့် ကျွန်တော်နှုတ်ထွက်သလဲဆိုတာ စာရှုသူတွေ နားလည်လောက်ပါပြီ........။ ဒီ့တော့ အဆုံးသတ်အနေနဲ့ စာရှုသူများလည်း ကိုယ့်ရဲ့ကျန်ရှိနေသေးတဲ့ အချိန်မှာ အကောင်းဆုံး တွေကိုသာ လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းရင်း အားလုံးကို နှုတ်ဆ က်ခဲ့ပါတယ်...........။.........။

Wednesday, December 31, 2008

31 DECEMBER မှ 2009 JANUARY သို့


စစ်ဒနီမှာ အော်ဇီတွေရဲ့အကြိုက် Paris Hailton
လွှတ်တော်ကပွဲမှာ နှစ်ကူးကို ကြိုဆိုသွားပုံပါဘဲ






ဒါကတော့ ကွာလာလန်ပူမှာ နှစ်သစ်ကူးနေကြတာပါ


ဒါကတော့ နယူးယောက် စီးတီးမှာ ဖြစ်ပါတယ်


ဘိုလေးဗီးယန်းမိသားစုတစ်ခုရဲ့ နှစ်သစ်မှာ အညံ့တွေအားလုံးကို ခွာချပစ်လိုက်တယ်ဆိုတဲ့ အဓိပ္ပွယ်ပေါ့

ဒါကမော်စကိုမှာ ခင်ဗျ

ကဲနိုင်ငံအတော်များများရဲ့ 31 DECEMBER အကုန် 2009 အစနှစ်ကူးကြိုပုံလေးတွေကတော့ ပျော်ရွှင်စရာ ကောင်းပါရဲ့..။ သို့သော် ကျွန်တော်တို့ မြန်မာလူမျိုးတွေကရော ဘယပုံဘယ်နည်း ဘယလိုပုံစံနဲ့ နှစ်ကူးကို ပျော်ရွှင်ကြပါလိမ့်...........။


အပြန်လမ်း

ငယ်ငယ်က ငွေဆိုတာမသိတဲ့သား
အလုပ်ကအိမ်အပြန် အဖေမောလာသလားမမေးခဲ့
လက်ဝါးသာဖြန့်ခဲ့မိတယ်………….။
ငယ်ငယ်က ဘ၀ဆိုတာမသိတဲ့သား
နှစ်ပေါင်းများစွာ အဖေကိုမစာနာခဲ့
မွေးရပ်ကိုခွာ လုပ်ခွင်ရောက်မှ
တစ်ရံခါတွေး ဘ၀ဆိုတာဒါလားအဖေ…………….။
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်
ဟင်းစားပြတ်ရက် လထက်ဝက်နဲ့
ခေါက်ဆွဲစားရတဲ့နေ့တွေတိုင်း အဖေ့ကိုလွမ်းတယ်……………။
အဖေပြောဖူးခဲ့ မေတ္တာမဲ့တဲ့သား
ချစ်ခြင်းမရှိတဲ့သား ခု..၊ချစ်သူတွေမရှိတော့
ခလုတ်ထိမှမိတလို့ နောင်တရဲ့အဓိပ္ပါယ်
သား…၊နားလည်ခဲ့ပြီလေ………………။
လွမ်းလျက်တွေဝေ မာနထန်တင်း
အတိတ်ကိုကျောပေး မုန်တိုင်းတွေ့မှ
ပြန်လာပါဖေ့စကား တဖွားဖွားကြားယောင်
အမှာင်ရုန်းထွက် နောက်ပြန်လှည့်လည်း
စရိတ်အတွက် ရင်လေးမိသေးတယ်အဖေရယ်…………………..။

Sunday, November 2, 2008

သက္ကရာဇ်များရဲ့ အော်သံ

၁၉၉၇-၉၈ စူပါကပ်
ဂီယာတစ် အူဝဲ..၊အူဝဲ....၊
ဂီယာနှစ် ဖေဖေ၊ မေမေ....၊
ဂီယာသုံး ချစ်သူ...၊
ကျွီ...၊၀ုန်း....၊ဂိတ်ဆုံး.......၊.........။

၂၀၀၁-၂၀၀၂ တရုတ်ဘီး
ဂီယာတစ် အူဝဲ..၊အူဝဲ....၊
ဂီယာနှစ် ဖေဖေ၊ မေမေ....၊
ဂီယာသုံး ချစ်သူ...၊
ဂီယာလေး သားသား..၊ မီးမီး...၊
ကျွီ..၊၀ုန်း...၊၈ိတ်ဆုံး....၊........။


၂၀၀၇-၂၀၀၈ ဒီတီ
ဂီယာတစ် အူဝဲ..၊အူဝဲ....၊
ဂီယာနှစ် ဖေဖေ၊ မေမေ....၊
ဂီယာသုံး ချစ်သူ...၊
ဂီယာလေး သားသား..၊ မီးမီး...၊
ဂီယာငါး အကြွေး...၊ အကြွေး...၊
ဂီယာခြောက် စီးပွားရေး..၊ ကြီးပွားရေး...၊
ကျွီ...၊၀ုန်း....၊ဂိတ်ဆုံး....၊..........။

Tuesday, October 28, 2008

အမွန်မြတ်ဆုံးသော အရာ

မေတ္တာ
လောက၌ အလှဆုံး တရားသည်....မေတ္တာ။
ကမ္ဘာ လောကကြီး တစ်ခုလုံးကို အလှဖုံးစေနိုင်သော တရားသည်လည်း .....မေတ္တာ။
သက်ရှိလောက အလုံးစုံကို သာယာချမ်းမြေ့ စေနိုင်သည်မှာလည်း...မေတ္တာ။
လူလူချင်း ချစ်ခင်ကြင်နာ၊စည်းလုံး ညီညာ၊ ဖက်လှတကင်း ရိုင်းပင်ကူညီ စေတတ်သော စွမ်းအားသည်လည်း...မေတ္တာ။
ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူနေသော အမျက်ဒေါသကို ငြိမ်းသက်စေနိင်သော ရေစင်အေးသည်လည်း...မေတ္တာ။
မေတ္တာသည် ဘေးရန်ကင်းရှင်း စေလိုသောသဘော၊ ကြီးပွား တိုးတက်စေလိုသော သဘောဖြစ်၏။
မေတ္တာသည် နူးညံ့သိမ်မွေ့၏ ၊ သည်းခွခွင့် လွှတ်နိုင်၏ ၊ အနစ်နာခံ နိုင်“ ၊ ချစ်ခင်ယုယလို၏ ၊ ကူညီ ရိုင်းပင်းလို၏ ၊ ပေးကမ်း စွန့်ကြဲလို၏ ။
မိဘတို့သည် အနစ်နာခံ ၊ အဆင်းရဲခံ ၊ သည်းဥည်းခံ၍ သားသမ္မီးများကို၏ စားဝတ်နေရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ကောင်းစားရေးတို့ကို အနေမနား ကြိုးစား ဆောင်ရွက်
နေကြသည်မှာ မိဘ၏မေတ္တာကြောင့် ဖြစ်၏ ။
အေးမြသော မိဘမေတ္တာရိပ်ရွယ် ခိုလှုံကြရသော သားသမ္မီးများသည် ပူပင်သောက ငြိမ်းအေးခွင့် ရကြ၏ ၊ ဘေးရန်ကင်း ဝေးကြ၏ ၊ ကြည်နူး ရွှင်လန်းကြ ၏ ၊
လောကကို ရင်ဆိုင် ၀ံ့ကြ၏ ။
မေတ္တာသည် မေတ္တာကို တုံ့ပြန်စေနိုင်၏ ။
“တစ်ဦးမေတ္တာ တစ်ဦးမှာ” ဆိုသော စကားသည် လူလူချင်းသာမက လူနှင့်တိရစ္ဆာန်ကြား ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် အကြားတို့ ၍လည်း မှန်ကန်သည်သာတည်း။
ရန်ကို ရန်ဖြင့် မငြိမ်းအေးစေနိုင် ၊ မေတ္တာဖြင့်သာ ငြိမ်းအေးစေနိုင်၏ ။
ရန်လိုလျှင် ရန်ပို၏ ။ ရန်မလိုမှ ရန်ပြိုသည်။ ရန်မလိုခြင်းသည် မေတ္တာဖြစ် ၏ ။ မေတ္တယလွှမ်းခြုံလျှင် လေးရန်လုံ၏ ။
မေတ္တာသည် ဘေးရန်လုံခြုံစေသော အကောင်းဆုံး အဆောင်လက်ဖွဲ့ ဖြစ်၏ ။ မေတ္တာသခင်အား လူလူချင်းလည်း မနှိပ်စက်နိုင် ၊ သားရဲ တိရစ္ဆာန်များကလည်း ရန်မမူနိုင် ၊
ဘီလူးသဘက်များလည်း မနှောင့်ယှက်နိုင်ကြ ချေ။
မေတ္တာသည် အစါမ်း အထက်မြက်ဆုံးသော ပီယဆေး ဖြစ်၏ ။မေတ္တာရှင်အား လူနတ်ဗြဟ္မာနှင့်သတ္တာဝါ အားလုံးတို့ ချစ်ခင်ကြည်ညိုကြ၏ ။ မိမ်၏ မေတ္တာဖြင့် သူတစ်ပါးတို့၏
မေတ္တာကို ညှို့ယူနိုင်၏ ။
မေတ္တာသည် ရန်ဟူသမျှကို တွန်းလှန်ဖြိုဖင်နိုင်သော အကောင်းဆုံးသော လက်နက်လည်း ဖြစ်၏ ။ဗုဒ္ဓမြတ်စွာသည် မေတ္တာလက်နက်ဖြင့် အင်္ဂုလိမာလလူဆိုး ၊ နာဠာ၈ီရိ
ဆင်ကြီး ၊နန္ဒောပန္ဒ နဂါးမင်း စသည့်ရန်အပေါင်းကို အောင်မြင်တော် မူခဲ့၏ ။
မေတ္တာသည် ငြိမ်းအေးရေး၏ တမန်တော် ဖြစ်၏ ။မ္တေ္တာ ပွားပို့နေသူသည် နွေခေါင်ခေါင်တွင်ပင်လျှင် ချမ်းသာအေးမြ၏ ၊ မိမိ၏ ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းသာယာစေ၏ ။
မေတ္တာဈာန်သည် အချမ်းသာဆုံးသော လောကချမ်းသာပေတည်း ။
မေတ္တာကို လူတိုင်း ပိုင်ဆိုင်နိုင်၏ ။မေတ္တာကို အခကြေးငွေဖြင့် ပေးဝယ်၍မရ ။မေတ္တာဖြင့်သာ ၀ယ်ယူရနိုင်၏ ။
မေတ္တာသည် သင်၏ ဘ၀ကိုလည်းကောင်း ၊ သင့်မိဘ မောင်ဖျား များအားလည်းကောင်း ၊ သင်ကျင်လည်နေသည့် လောကကြီး တစ်ခုလုံးကို လည်းကောင်း လန်းဆန်းဝေဖြာ
ချမ်းမြေ့ သာယာစေမည်မှာ ဧကန်သာတည်း ။
သစ္စာ
လောက်က၍ အမြတ်ဆုံးသော တရား..အလိုအပ်ဆုံးသော တရား ...။
သစ္စာမြေပေါ်တွင် ရပ်တည်ပြီး၍သာ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်သည် ၊ လူလူချင်း တန်းတူဆက်ဆံ နိုင်သည် ။
သစ္စာသည် လူ့အဖွဲ့အစည်းများကို မယိမ်းမယိုင် မကွေ့အကောက်ဘဲ ဖြောင့်ဖြောင့်တန်းတန်း ရှေ့သို့ တိုးတက်သွားစေ၏ ။
သစ္စသည် မှန်ကန်မှု ၊ ဖြောင့်မတ်မှု ၊ တရားမျှတမှု ဖြစ်၏ ။
သစ္စာသည် မတရားမှု မှန်သမျှကို ဆန့်ကျင်၏ ၊လူလူချင်း ညှဉ်းပန်းနှိပ်စက်ခြင်း ၊ချုပ်ချယ် အနိုင်ကျင့်ခြင်း ၊ စီးပွားရေးဖြင့် အမြတ်ထုတ်ခြင်း ၊လိမ်လည်လှည့်ဖျားခြင်း ၊
ခိုးဝှက်လုယှက်ခြင်း ၊နယ်ချဲ့တိုင်ခိုက်ခြင်း စသည့် မတရားမှုများကို ပိတ်ပင်ဟန့်တား ၏ ။
လူနှင့် တိရစ္ဆာန်များအား ညှဉ်းပန်းသတ်ဖြတ်ခြင်းသည် မတရားမှုကြီး ဖြစ်၏ ။သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို ခိုးဝှက်လုယက်ခြင်း ပြည်သူပိုင် ပစ္စည်းများကို အလွဲသုံးစား
လုပ်ခြင်း တို့သည် မတရားမှု ကြီး ဖြစ်၏ ။ သူတစ်ပါးတို့ ၏ သားသမ္မီး ၊ဇနီးခင်ပွန်းများကို ဖျက်ဆီးခြင်းသည် မတရားမှုကြီး ဖြစ်၏ ။ မူယစ်သောက်စားခြင်းသည် မိသားစု၏
စီးပွားဥစ္စာကို ဖြုန်းတီးဖျက်ဆီးခြင်း ဖြစ်၍ မတရားမှုကြီးဖြစ်၏ ။
ထိုမရားမှု မှန်သမျှသည် သစ္စာလမ်းစဉ်မှ သွေဖီခြင်း ဖြစ်၍ အမှန်တရား(၀ါ) ကံတရား၏ အပြစ်ပေးခြင်းကို မုချခံယူရမည် ဖြစ်၏ ။
ကောင်မှုကံသည် ကောင်းကျိုးကိုပေး၍ မကောင်းမှုကံသည် မကောင်းမှုကို ပေးသည်မှာ သဘာဝသစ္စာ၏ လမ်းစဉ်သာတည်း ။ဗုဒ္ဓမြတ်စွာသော်မှ ထိုကံတရားကို မပြောင်းလဲ
စေနိုင် ၊မတရားမှု ကျုးလွန်သူတို့အား အပါယ်ငရဲသို့ မကျရောက်အောင် မတားဆီးပေးနိုင်ပါ ။
သစ္စာကို့ မတ်နိုးသူအား သစ္စာတရားက ပြန်လည်စောင့်ရှောင့်သဖြင့် ကောင်းကျိုးအဖြာဖြာကို ခံယူရမည် ဖြစ်၏ ၊ သေလွန်သည့်ကာလ၍ နတ်ရွာသူဂတိဘုံသို့ လားရောက်
ရမည်ဖြစ်၏ ။
သစ္စာရှင်သည် မုသားစကားကို မနှစ်မျို့ ၊မမှန်သောစကားကို မဆို ၊ ဆိုပြီးသော ကတိစကားကို မပယ်ဖျက် ၊ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကိုလည်း မပျက်မကွက်
ဆောင်ရွက် ၏ ။မိဘတို့သည် မိဝတ္တရားများကို ကျေပွန်စွာ ထမ်းရွက်လျှင် သစ္စာစောင့်သိသည် မည်၏ ။ သားသမ္မီးတို့သည် သားသမ္မီးဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်လျှင် သစ္စာ
စောင့်သိသည် မည်၏ ။ဆရာသမားသည် ဆရာ့တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်လျှင် သစ္စာစောင့်သိသည် မည်၏ ။တပည့်များသည် တပည့်ဝတ္တရားများကို
ကျေပွန်စွာ လိုက်နာကျင့်သုံးကြလျှင် သစ္စာစောင့်သိသည် မည်၏ ။ ၀န်ထမ်းများသည် ပေးအပ်ထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြလျှင် သစ္စာစောင့်
သိသည် မည်၏ ။
မိမိ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းသည် သစ္စာဖောက်ဖျက်သည် မည်၏ ။ရိုးမြေကျ ပေါင်းသင်းဆက်ဆံမည်ဟု ကတိသစ္စာပြုပြီးခါမှ ထိုကတိကို ချိုးဖျက်
ခြင်းသည် သစ္စာဖောက်ဖျက်သည် မည်၏ ။
ဝစီသစ္စာနှင့် အရိယသစ္စာတို့၏ အရသာသည် အရသာ အပေါင်းတို့တွင် အချိုမြိန်ဆုံးသော အကောင်းမြတ်ဆုံးသော အရသာဖြစ်၏ ။
မေတ္တာနှင့် သစ္စာ
ကမ္ဘာ့အလှဆုံးတရားနှင့် အမြတ်ဆုံးတရား....
လူတိုင်း၏ ဘ၀ကို သာယာမြင့်မြတ်စေနိုင်သော တရားနှစ်ပါး ။
လူသားတို့၏ ဘ၀များနှင့် ကမ္ဘာလောကကြီးကို အကောင်းဘက် အပေါင်းလက္ခဏာဘက်သို့ ပြုပြင်ပြောင်းလဲစေရာတွင် အားအကြီးဆုံးသော စွမ်းအားနှစ်ပါး ။
မေတ္တာရှင်သည် သစ္စာရှင်ဖြစ်နိုင်၏ ။သစ္စာရှင်သည် မေတ္တာရှင် ဖြစ်နိုင်၏ ။
မေတ္တာနှင့် သစ္စာတို့၏ တန်ဖိုးကို သိနားလည်သူတို့သည် ဤတရားနှစ်ပါးကို ရင်ဝယ်ပိုက်ထွေးထားကြမည်သာ ဖြစ်သည် ။
လူသားတိုင်း၏ နှလုံးသားဝယ် မေတ္တာနှင့် သစ္စာတရားတို့ ပွင့်လန်းဝေဆာလာသောအခါ ဤကမ္ဘာလောကကြီးသည် အမြင့်မားဆုံးသော အတိုင်းအတာအထိ ငြိမ်းချမ်းသာယာ
စည်ပင် ၀ပြောလာမည် ဖြစ်သတည်း ။


  • မေတ္တာရှေ့ဆောင် ပြုတိုင်းအောင်
  • သစ္စာဆောင်လှ ဘ၀တိုင်းလှ .
  • မေတ္တာက မအောင်မ်ြငနိုင်သော ဘေးရန်သည်မရှိ ။
  • သစ္စာက မစွမ်းဆောင်ပေးနိုင်သော အရာသည်မရှိ ။
  • မေတ္တာတရားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ ................။