Showing posts with label နှလုံးသားဖတ်စာ. Show all posts
Showing posts with label နှလုံးသားဖတ်စာ. Show all posts

Wednesday, April 16, 2008


မှုန်ဝါးဝါးအတွေးတစ်စ ငါ့ရှေ့မှာလွင့်ဝဲသွားတယ်...။လူတူမရှားနာမည်တူ မရှားဆိုပေမယ့် ငါ့အလွမ်းကတော့ ထပ်တူကျချင်မှ ကျမှာပေါ့။
ဘယ်သူ့မှာမှ အပြစ်မရှိပါဘူးကွာ...၊ဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုကိုတောင် မင်းလုပ်ခဲ့ပြီးပြီဘဲ။ ငါမင်းကို မနမ်းရှိုက်ဖူးပါဘူး...၊ဟုတ်တယ်
အဲဒါမှန်သောစကား ။ ငါမင်းရဲ့လက်ကိုလည်း ဖမ်းဆုပ်ခွင့်ဘယ်တုန်းက တောင်းခဲ့ဖူးလို့လဲ..၊ဒါလဲမှန်တာဘဲလေ...။မင်းနှလုံးသားကငါ့ကို
လက်ခံခဲ့တယ်ဆိုတာလဲ ကြားခံသက်မဲ့ ပစ္စည်းကလေးတွေကြောင့်ဆိုတာ အထူးပြောစရာမှ မလိုဘဲ။ အဲဒီ့တုန်းက နေ့ဆိုင်းညဆိုင်းဆိုတာ
တွေနဲ့ တစ်ပတ်မှာ စာဖတ်ချိန် ဆယ်နာရီပြည့်အောင် မနည်းလုနေရတဲ့ ငါလိုကောင်နဲ့ တစ်နေ့မှာ ဆယ်နာရီကျော်ကျော် လည်ပတ်ချိန်ရှိတဲ့
ခတ်အေးအေး လေးလုံးလေးတစ်ယောက် ၊ဘယ်သူမျှတော့ ယုံမှာမဟုတ်ဘူး...။အရိုးစင်းဆုံး ဇာတ်လမ်းတွေထဲမှာ ငါတို့လည်း တစ်စိတ်တစ်
ပိုင်း ၀င်ကခဲ့ကြမိတယ်။ရာဇ၀င်လည်းမပါ သမိုင်းလို့ဆိုရအောင်လည်း မကြီးကျယ်ပေမယ့် ဒိုင်ယာရီဆိုတာတော့ ကျန်ခဲ့တာ အသေအချာဘဲ
မဟုတ်လား...။
တကယ်တော့ ငါ့ရဲ့အချစ်ဆိုတာမှာ ပကာသနတွေ မဲ့ခဲ့ပါလျက်၊ တပ်မက်မှုတွေ ကင်းဝေးခဲ့ပါလျက်...၊ နောက်ဆုံး..၊အဓိပ္ပါယ်မဲ့နေတဲ့ ဘ၀တစ်ခုမှာ
ရွက်လွှင့်နေခဲ့ရတယ်..။တစ်ခါတစ်ရံ မုန်တိုင်းတွေ..၊တစ်ခါတစ်ရံမှာ လေပြေညှင်း ကလေးတွေနဲ့..။ဒါပေမယ့် ဘယ်အချိန်မှာဘဲ ကြည့်ကြည့်ပါ .။
အရပ်ရှစ်မျက်နှာမှာတော့ အဆုံးအစမရှိ ၊ကမ်းမရှိ၊ လမ်းမရှိ။ မင်းကိုလွမ်းတိုင်း စကားပြောမိတဲ့ အာကာပြင်ရယ် မျက်လွှာချလိုက်တိုင်း မြင်နေရတဲ့
အဏ္ဏာဝါပြင်ရယ် ။ ခု..၊သူတို့က ငါ့ရဲ့အကောင်းဆုံး အဖော်မွန်တွေ အဖြစ်နဲ့ နှစ်သစ်ကူးဆိုတာကို နှစ်သိမ့်ပေးနေတယ်..။ခု..၊ပျော်ရွှင်ခြင်းမဲ့နေတဲ့
ငါ့ရဲ့ အတာပွဲမှာ သူတို့လည်း ငါ့နဲ့အတူရှိနေတယ်..။ခုလိုအချိန်မှာ မင်းသာငါနှင့်အတူ..........................၊......................၊...............၊ဆို ဘယ်
လောက် ကောင်းလေမည်လဲ..........။

Saturday, February 16, 2008

သူငယ်ချင်းဟောင်း

သူငယ်ချင်း............၊
ကဖီးရဲ့ချောင် ကလောင်သွေးလို့ 
ဆေးလိပ်တိုတွေ မြေမှာခတယ်
မင်းနဲ့ ငါရဲ့ ကျောင်းဆင်းချိန်ကို
လွမ်းတယ်.............။

သူငယ်ချင်း..........၊
လူသူရှင်းတဲ့ အိမ်ပြန်လမ်းမှာ
စီးချက်ညီ တေးသွားသီလို့ 
မြေနီလမ်းက စက်ဘီးရာလေးတွေကို
လွမ်းတယ်.............။

သူငယ်ချင်း..........၊
ဂစ်တာအိုပိုက် အဆောင်တစ်ဝိုက်နဲ့ 
.မြတ်နိုးသူတွေ ပျော်ရွှင်စေဖို့ 
တင်ဆက်ခဲ့ရတဲ့ ညတွေကို
လွမ်းတယ်...........။

သူငယ်ချင်း...........၊
ရေပြောင်းမြေပြောင်း အရွယ်ပြောင်းမှာ
မျိုးဆက်တံခွန် စိုက်ထူခဲ့တဲ့မင်းကို
လွမ်းတယ်.........။

သူငယ်ချင်း........၊
ကြမ်းကြမ်းတမ်းတမ်း ခရောင်းလမ်းထက်
မတိမ်းမစောင်း ငါခုတ်မောင်းရင်း
မင်းနဲ့ ငါ..........၊
ဧည့်ခန်းတွေ.........၊
ခြားနေခဲ့ ရပြီ........။.........။

Thursday, February 14, 2008

ချစ်သူများနေ့  အလွမ်းနေ့ စွဲ

ဘ၀မှာ အပျင်းရိဆုံးနေ့  တစ်ရက်

ဘယ်သူမျှမသိအောင် တိတ်တိတ်ကလေးလွမ်း
တိုးတိုးလေးဥည်းလို့  ရွတ်ဆိုမိတဲ့သံစဉ်က
အသည်းကွဲတဲ့ ကဗျာ...။

အလွမ်းဆိုတာ ထိန်းလို့ ကောင်းတယ်လို့  ဘယ်သူကပြောခဲ့လို့ လဲ
ငါ့နှလုံးသားတွေ အက်ကွဲချိန်ထိရက်စက်
အဝေးဆုံးက မိုးကောင်းကင်တောင်ငါ့သူငယ်ချင်းဖြစ်သွားတယ်
အဲလောက်ထိ နင့်ကိုငါ ချစ်ခဲ့မိတာ
ဒါတောင် အပြစ်လို့  ဆိုသူတွေ ဒုနဲ့  ဒေး။

ရှုံးနိမ့်သူတို့ ရဲ့ မျက်လွှာချမှုတွေမှာ
ငါဆိုတဲ့ ကောင်ကိုလည်း နံပါတ်စဉ်ထိုးခဲ့တဲ့နင်
ရေကြည်တစ်ပေါက်ဆိုတာထက်
နေရာတစ်ခုတောင် မတောင်းဝံ့ပါဘူး
နင့်အတွက်ဆို အရာရာကိုရင်ဆိုင်ဝံ့တယ်။

ခုဖေဖော်ဝါရီ တစ်ဆယ့်လေးရက် လူငယ်တိုင်းပျော်ကြမယ့်နေ့ မှာမှ
နင်ဘာကြောင့် ပြောင်းလဲသွားရတာလဲ
တကယ်တော့ မေးခွန်းဆိုတာ အလကားပါ
ကဲနောက်ဆုံးဆိုတာတွေထဲမှာ နင့်ကိုငါချစ်တဲ့အကြောင်းတွေ
ထပ်မံပြောနေ ဦးမှာ.........၊...............၊.......................။

Wednesday, January 9, 2008

တိမ်တိုက်

ပြဇာတ်တစ်ပုဒ်တဲ့လားကွာ သတ်ပုံတွေမှားခဲ့တာတောင်မှ
နင့်ကိုငါ ချစ်ခဲ့မိသေးတာဘဲ
သံသရာဆိုတာမှာ သစ္စာဆိုဖို့ ထိငါမရည်ရွယ်ခဲ့
သို့ သော်...........၊နင့်ကိုငါချစ်ခဲ့မိတယ်.........။..............။

နေမသာမိုးမရွာတဲ့ ဆောင်းနံနက်ခင်းတစ်ခု
မှုန်ရီရီအလင်းတန်းနောက်
တစ်ကောက်ကောက်လိုက်မိတဲ့ငါ
တစ်လောကလုံး ဖာရာတွေဗလပွနဲ့ ပေါ့..........၊
နင့်ကိုငါ ချစ်ခဲ့မိတယ်............။...........။

လူသားတွေရဲ့ အနားယူချိန်ပါတဲ့
ဥည့်ငှက်တစ်ကောင်နဲ့  အဖော်ကျူးမိတဲ့ငါ
နာရီတွေကို အရည်ကျိုသောက်
ခုနှစ်တွေကို ၀ါးစားရင်း
နင့်ကိုငါ ချစ်ခဲ့မိပြန်တယ်......။..........။.....။

ဒီလိုနဲ့ ....၊....၊.....၊
ကမ္ဘာ့ ရွာကြီးမှာ မိုးမျှော်တိုက်ကြီးတွေ ခေတ်စားချိန်
ရုတ်တရက် လှည့် အကြည့် ငါ့ဘေးမှာ
မည်သူမျှမရှိတော့ ..........။

အဝေးက အနက်ရောင်တစ်စက်ရေ
နင်အမှတ်ရမယ်ဆိုရင်ပေါ့ 
သည်ရင်မှာ ထာဝရ.............၊..........၊..........။

Wednesday, October 17, 2007

ချစ်သူသို့ 

အချစ်ဆိုတာ ရယူပိုင်ဆိုင်ဖို့ မျှမဟုတ်တာ
မင်းကို အလှကြည့်နေရုံနဲ့ 
ဘ၀ဟာ ပြည့်စုံနိုင်ပါလိမ့် မယ်
ဆိုရင် ....
မှားတော့ မှာပေါ့ 
လောင်မီးမကျခင် .... မင်းကို
ပိုင်ဆိုင်ခွင့် ပြုပါ။

လေပြေညှင်းက သူ့ လက်ချောင်းတွေနဲ့ 
ငါ့  ဆံနွယ်တွေကို ထိုးဖွ
နေမင်းက ငါ့ ကိုပြုံးပြတယ်
အင်းလျှားရေပြင်ကို သတိရလိုက်တာ
ဘယ်သူငြင်းမလဲ
အဲဒါ .....ငါ့ ရဲ့  အလွမ်းတေးတစ်ပုဒ်။

ကျေးဇူးပြုပြီး ငါ့ ကို
မှတ်ချက်တွေ သိပ်မပေးပါနဲ့ 
ကျေးဇူးပြု ပြီး ငါ့ ကို .....
ကျေးဇူးပြု ပြီး ငါ့ ကို .....
ကျေးဇူးပြု ပြီး ငါ့ ကို .....
ငါ့ ကို .....
ငါ့ ကို .....
ငါ့ ကို .....

စိတ်မရှိပါနဲ့  ငါ့ ရဲ့ အိမ်မက်တွေ
ပျက်သုန်း ၊ ထစ်ချုန်းမယ့်  July မှာ
December ကိုကြိုမလွမ်းကြေး
ဘယ်သူမျှ မသိခင်
ငါ့ ကို .....၊ နိုးထခွင့် ပြု .....။ ။

ချစ်တဲ့ `မြူ` ကျေးဇူးပြု၍ မဖတ်ပါနဲ့ ကွာ ...
အလွမ်းတွေ သံသရာမရှည်ချင်လို့ပါ .... ၊

Related Posts with Thumbnails