Wednesday, September 24, 2008

အပိုင်းတစ်စမှ အပိုင်း တစ်ခု

ကုန်လွန်ခဲ့တဲ့ လပိုင်းလောက်က အတွေးအမြင်ဆိုတဲ့ ခေါင်စဉ်နဲ့ ဆောင်းပါးတစ်စောင်ကို ကျတော်ရေးခဲ့ ပြီးပါပြီ..။ရည်ရွယ်ရင်းကတော့ ဘလော့မှာ သွားလာနေကျတဲ့ မိတ်ဆွေတွေ အတွက် ဘ၀တိုတာနဲ့ ပတ်သတ်လို့ စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်အောင် နေသွားစေ ချင်တာပါဘဲ..

ဟိုတစ်ရက်က ကျတော်ခင်မင်တဲ့ ကိုရင်ခတ်နွယ်ဆီကို အလည်ရောက် ဖြစ်တော့ သူတင်ထားတဲ့ ပိုစ်လေးတစ်ပုဒ်ကို အတော်ကလေး သဘောကျမိသွားတယ်..။ဒီပိုစ်နဲ့ ပတ်သတ်ပြီးတော့လည်း ကျတော်နဲ့ ကိုရင်ခတ် တစ်ချိန်တုန်းက အတွေးချင်း ဖလှယ်ခဲ့ ကြဖူးတာဆိုတော့ ပိုလို့တောင် သဘောကျမိပါသေးတယ်..။ငယ်ငယ်တုန်းက ကျတော်ခံယူဖူးတဲ့ ခံယူချက်တွေနဲ့ ခုကိုရင်ခတ်နွယ်ဆီမှာ တင်ထားတဲ့ ပိုစ်က အတော်ကလေး ကိုက်ညီနေတာကိုး..။
ကျတော့်အသက် တစ့်ဆယ့်ခြောက်နှစ် ဆယ်တန်း စာမေးပွဲ ပြီးပြီဆိုတာနဲ့ ကျတော့် အိမ်ကို လုပ်ငန်းခွင် ၀င်ခွင့်တောင်းခဲ့ပါတယ်..။ဒါပေမယ့် ကျတော့်မိဘက မင်းငယ်ပါသေးတယ်ကွာ နောက်လည်း လုပ်ရမှာဆိုတော့ နားနားနေနေနေဦးတဲ့..။ကျတော်ကလည်း မရဘူး ၊ဘာကြောင့်ဆို ကျတော့်ငယ်သူငယ်ချင်းတွေ အားလုံးနီးပါး ကျောင်းပြီးပြီဆိုတာနဲ့ မိဘ အလုပ်၊ လခစားအလုပ်၊ သူများလက်အောက်ခံ အလုပ် စသည်ဖြင့် လုပ်ကိုင်နေကြ ကုန်တာဆိုတော့ အပေါင်းအသင်းတွေ ကြားမှာ ကိုယ်ကအလကား လိုလိုခံစားနေမိတာ..။ ဒါနဲ့ အိမ်ကိုထပ်ပြောတော့ ကလေးကလေးလို နေစမ်းကွာ ငါတို့ မင်းကို ကောင်းကောင်း ကျွေးထားနိုင်သေးတာဘဲ ကျောင်းတက်စရာရှိ ဆက်တက်..၊ဘာအလုပ်မှ လုပ်ဖို့ စိတ်မကူးနဲ့တဲ့..။တိုတို ပြောရရင် ကျတော်မိဘလုပ်စာကို ထိုင်စားလာလိုက်တာ ကျတော့်အသက် နှစ်ဆယ့်နှစ်(၂၂)ထဲရောက်တဲ့အထိဘဲ..။အဲဒီ့မှာ ငယ်စဉ်ကတည်းက လုပ်ငန်းခွင် အတွေ့အကြုံ မရှိတဲ့ကျတော် ကောင်းကောင်းကြီး ခံစားရတော့တာဘဲ..။ပမထဦး ဆုံးစလုပ်တဲ့ အလုပ်မှာ ကိုယ့်ကိုကိုယ် သည်းဥည်းခံနိုင်စွမ်း မရှိတာတွေ့ရတယ်..။အလုပ်ကို အလုပ်လို သဘောမထားနိုင်တာတွေနဲ့ လူမှုဆက်ဆံရေးတွေမှာ ချွတ်ယွင်းချက်တွေ ရှိနေတာကို တွေ့ရတော့တာဘဲ..။ အသက်ကလေးရလာလို့ သူများနိုင်ငံကို ရောက်လာပြန်တော့လည်း နိုင်ငံခြားသားတွေနဲ့ ဆက်ဆံမှု အပိုင်းတွေမှာ အများကြီး စကားပြောလာ တာကိုတွေ့မိပြန်တယ်..။ကျတော်တို့ မြန်မာလူမျိုးတွေ သူများတွေအပေါ် စိတ်ကောင်းထားပါလျက် အလုပ်လည်း ကြိုးစားပါလျက် သူများထက်လည်း ရောင့်ရဲတတ်ကြပါ လျက်နဲ့ ဘာကြောင့်များ ခုချိန်ထိ သူများတွေနဲ့ တန်းတူ မတိုးတက်နိုင်ကြသေးတာလဲ ဆိုတာမှာ မိသားမောင်ဖွားတွေနဲ့ ရှေ့ရှေ့လူကြီးတွေရဲ့ လွဲမှားနေတဲ့ ခံယူချက် အချို့ကြောင့်လို့ဘဲ ကျတော်တော့ မြင်မိတာဘဲ..။ ကျတော်က လက်တွေ့ ကြုံခဲ့ဖူးတဲ့ သူကိုး။ ။
တက္ကသိုလ် ဒုတိယနှစ်တုန်းက ခင်ခဲ့ ဖူးတဲ့ သူငယ်ချင်း မိန်းကလေး တစ်ယောက် အကြောင်းကို နည်းနည်း ပြောပြချင်ပါသေးတယ်..။ဒုတိယနှစ်ဆိုတော့ အသက်တော့ ဘယ်ငယ်လောက်တော့ မလဲနော်..။အပျိုတောင် ဖားဖားကြီး ဖြစ်နေပြီ..။ သူ့အဖေက သူ့သမီးကို ဘယ်လောက်ချစ်သလဲတော့ မသိဘူး မနက်ကျောင်းကို လာရင် ကားနဲ့ လိုက်ပို့တယ်..၊ညနေ ပြန်ချင်လာပြီဆိုရင် ဖုန်းဆက်လိုက်ရုံဘဲ လာကြိုတယ်..။ဖုန်းမဆက်ဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုပြန်သွားခဲ့မိရင် အိမ်ကျ အရိုက်ခံရတယ်တဲ့..။အဲဒီ့ကောင်မလေးကို မင်္ဂဆောင် ဒါမှမဟုတ်အလှူ တစ်ခုခုကို တစ်ယောက်တည်းသွားခိုင်းကြည့်တာ မသွားရဲဘူးတဲ့ လူတွေအများကြီး ရှက်တယ်တဲ့..။ဘာမှလည်း မဆိုင်ဘူး..။ နောင်ကောင်မလေး တစ်ယောက်ကျတော့်လည်း သူမကတော့အလုပ် လုပ်ချင်တာ..၊သူ့အိမ်ကလည်း ကျတော့အိမ်လိုဘဲ ဘာမှမလုပ်ခိုင်းဘူး..။ ဒါနဲ့ အိမ်က မသိအောင် အလုပ်ခိုးလုပ်တော့ ဆိုင်ကယ် ပေးမစီးတော့ဘူး၊မုန့်ဖိုးမပေးတော့ဘူးတဲ့နော်.။ခက်တယ်..၊အမှန်တော့ ဒါတွေဟာ မိဘတွေက သားသမ္မီးတွေ အပေါ်မှာ ချစ်ရာမဟုတ်တဲ့ နှစ်ရာတွေဘဲ..။အမှန်ဆို ကိုယ့်သားသမ္မီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ရဲ့စီးပွားကို တိုးစေချင်တဲ့ ဆန္ဒရှိကြ သားဘဲဟဲ့..၊သူတို့လေးတွေ အလုပ်ကောင်းကောင်းရကြပါစေ.၊တကယ်လို့ သူတို့ရတဲ့ အလုပ်ကတော့ မကောင်းဘူးဆို မကောင်းဘူး။ကောင်းရင်ဖြင့် ကောင်းတယ် စသည်ဖြင့် လမ်းးကြောင်းပေး ပြောပြသွားမယ်ဆိုရင် ကျတော်တို့ လူငယ်တွေနဲ့လူကြီးတွေကြားက ပြဿနာတွေ ဆိုတာလည်း နည်းပါးကောင်းနည်းပါး သွားမှာဘဲ..။လူငယ်ဖြစ်တဲ့ သူတွေ အနေနဲ့လည်း ငါ့မိဘက ငါ့ကိုအလုပ်လုပ်ခွင့် ပေးထားတယ်..။အားလည်းအားပေးတယ် ဆိုတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာလည်း ရရှိလာမှာအမှန်ဘဲ..။ဒီတော့ စောစောက သူငယ်ချင်းလိုမျိုး လူတောမတိုးရဲတာတို့ ဘာတို့ဆိုတာ ဖြစ်လာမှ မဟုတ်တော့ဘူးမဟုတ်လား..။အထူးသဖြင့် တတ်နိုင်တဲ့ မိဘတွေ အတော်ကလေး ပြောရခက်ပါတယ်..။ ချစ်တယ်ချစ်တယ်..၊မှန်ပါတယ် တကယ့်တကယ်မှာတော့ နှစ်တယ် နှစ်တယ် ဖြစ်နေတယ်..။
ဒီတော့ ကိုယ့်သားသမ္မီးကို အမှန်တကယ်သာ ချစ်မြတ်နိုးကြတယ် ဆိုလျှင်ဖြင့် အသိဥာဏ်
ရင့်ကျက်တဲ့ လူငယ်တွေ ၊အတွေ့အကြုံရှိတဲ့ လူငယ်တွေ၊ လူတောတိုးရဲနိုင်သော လူငယ်များ ဖြစ်အောင် လမ်းညွှန်ပြသပေးကြပါလို့ ………………၊………………၊……………………။

No comments:

Related Posts with Thumbnails