Friday, September 26, 2008

သဘာဝရဲ့ကျေးကျွန်

အလွန့်အလွန်ကို ပျင်းစရာကောင်းလွန်းလှတဲ့ ဆောင်းနံနက်ဘဲ.။အချိန်က နံနက်ဆယ်နာရီ သာသာလောက်တော့ ရှိပြီ။စားပွဲရှေ့မှာ ကော်ဖီမပူမအေး တစ်ခွက်၊ အပတ်စဉ်ထုတ် တိုင်းသတင်းစာ တစ်စောင်ရယ် ပေါင်မုန်မီးကင် သုံးချပ်လောက်ရယ်..၊ဒါက ချစ်ဦးရဲ့ နံနက်စာပေါ့..။ထုံးစံအတိုင်းပါဘဲ အိမ်မှာ သူတစ်ယောက်ကလွဲရင် ဘယ်သူမှမရှိဘူး..။

မနက် မိုးလင်းခုနှစ်နာရီဆိုတာနဲ့ ချစ်ဦးဖေဖေက အလုပ်ကိုသွားတယ်..။ညဆိုလည်း အတော်ကြီး မိုးချုပ်မှ ပြန်လာတာ။တစ်ခါတစ်လေဆို ပြန်တောင်မလာဘူး။ ချစ်ဦးမှာ ဆွေမျိုးဆိုလို့ ဒီအဖေ တစ်ယောက်တည်း ရှိတာလေ။ နှစ်တွေ ကြာပြီဆိုတော့ အကျင့်ရနေပြီလို့ဘဲ ပြောရတော့မှာ အဖေပြန်လာတဲ့ အချိန်သားက အိပ် ၊ အဖေအိပ်ယာထ အလုပ်သွားတဲ့ အချိန်ဆို သားကအိပ်လို့ ကောင်းတုန်း၊ တစ်ချို့နေ့တွေမှာဆို တစ်နေကုန်နေလို့ တစ်ခါဆုံချင်မှတောင် ဆုံ့ဖြစ်ကြတာ မဟုတ်ဘူး..။ဒါကချစ်ဦး ငယ်ငယ်ကတည်းက ခုဆိုနှစ်ပေါင်း နှစ်ဆယ်တောင် ဟိုဘက်ကိုရောက်နေပြီ..။သည်အချိန်မှတင် ပျင်းပျင်းရိရိရှိလှတဲ့ ချစ်ဥိးရဲ့ ပတ်ဝန်းကျင်မှာ ဟီးနိုးလို ကားကြီးသံ တစ်ခုက အတင်းထိုးဖောက်လာခဲ့ တော့တယ်..။
အိမ်ပြင်ကို တစ်ချက်ကြည့်လိုက်တော့ တစ်ဖက်ခြံမှာ လူသစ်တွေ ရောက်နေတာကို တွေ့လိုက်မိတယ်..။မိသားစုတော့ သိတ်များမယ့်ပုံမပေါ်ပါ..။ပစ္စည်း အတင်အချ လုပ်တဲ့ လူတွေ အပါအ၀င် အားလုံးပေါင်းရှိလှ ငါးယောက် ခြောက်ယောက်ပေါ့..။ချစ်ဦး လည်းမနေသာတော့ သွားကူဖို့ စိတ်ကူးလိုက်မိတယ်..။ဒါက ချစ်ဦးတို့ မြန်မာလူမျိုးတွေ ရဲ့ဓလေ့ ဇရိုက်လိုဖြစ်နေရတာ မဟုတ်လား…။တစ်ဖက်ခြံကို ရောက်ရောက်ချင်း ဘာမှ ပြောမနေတော့ပါဘူး..။ သယ်စရာရှိတာသယ်၊ နေရာချစရာရှိတာချ နဲ့ နောက်ဆုံးအားလုံးပြီး ခါနီးကျတော့ အချိန်က နေ့လည် နှစ်နာရီခွဲ လောက်ရှိသွားပြီ..။ နောက်ဆုံး အိမ်ရှင်လို့ထင်ရတဲ့ အမျိုးသားက အလုပ်သမားတွေကို ငွေရှင်းတော့မှဘဲ ချစ်ဦးကို သတိထားမိကြတော့တယ်..။သူတို့တွေ သတိမထားမိတာက ချစ်ဦးကို အတူပါလာတဲ့ အလုပ်သမားတစ်ယောက်ဆိုဘဲ..။အဲဒီ့မိသားစုကလည်း ချစ်ဦးတို့လိုဘဲ..။အားလုံးပေါင်းမှ သုံးယောက်တည်း..။အမေလုပ်တဲ့သူနဲ့ သူမအစ်ကိုရယ် ၊ နောက် ချစ်ဦးနဲ့ ရွယ်တူလောက်ရှိမဲ့
ကောင်မလေးတစ်ယောက်ရယ်..၊ဒါဘဲ..။သူမနာမည်က `မြူနှင်း´..၊………၊…….။
`မြူ တစ်ခါတစ်လေမှာ ငါစဉ်းစားမိတယ်ဟ၊ ´`အင်း..၊ပြောစမ်းပါဦး´ မြူက အဲလိုဘဲ အမြဲလိုလို နောက်ယောက်လိုက်တတ်တယ်..။ခုဘဲကြည့်`ဒီလိုဟာ၊ တနင်္လာသားနဲ့ ကြာသပတေး သမ္မီးအတူနေနိုင်ဖို့ အရေး နင်နဲ့ စတွေ့ကတည်းက ငါတွေးနေမိတယ်´။`အဲဒီ့တော့´၊`အဲဒီ့တော့ ဘာမှမဟုတ်ဘူး၊ နင်လည်း စဉ်းစားထားဖို့ ပြောတာ´။`ဟင်၊ နင့်ဟာက အရင်းမရှိ အဖျားမရှိ ၊နေစမ်းပါဦး ဟာ၊ဒီကောင်´..။လှည့်မကြည့်နဲ့ ချစ်ဦး ကမရှိတော့ဘူး..။ဘယ်ရောက်သွားမှန်းကို မသိတာ။`မြူ´`ဘာလဲ´`ငါနင့်ကို သိတ်ချစ်တယ်သိလား´ `အင်းလေ၊ငါသိသားဘဲ၊အထူးအဆန်းလုပ်လို့။နေပါဦး´ `နေပါတယ်´`အာ ..၊နင်ငါ့ကို ဒီကြောင်းဘဲ ခဏခဏ ပြောနေတာဘဲ နင့်မှာ ငါ့ကိုပြောစရာ ဆိုလို့ တစ်ခြားအကြောင်း
မရှိဘူးနဲ့ တူပါရဲ့ ဟုတ်လား´`မဟုတ်ပါဘူးဟာ ..၊ငါနင့်ကို ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောချင်ဘူး၊ အဲဒါဘာလို့လဲဆိုတော့ ငါနင့်ကို သိတ်ချစ်လို့ ။ငါကနင့် ချစ်သူပါ၊ ကိုယ့်ချစ်သူက ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်တာကိုဘဲ ငါအလိုရှိတာပါ´`ဟင်..၊နင့်စကားကြီးကလဲ၊ ခုကောငါက ဘာလုပ်နေလို့လဲ´`ဘာမှတော့ မလုပ်သေးပါဘူးဒါပေမယ့် နောက်မှလုပ်သွားမှာစိုးလို့ ကြိုတင်ပြောပြထားရတာ´။အဲဒီ့နေ့က ထိုင်နေကျ ကြံရည်ဆိုင်လေးထဲမှာ မော်တာစက်သံတွေ ဆူညံလို့..၊ဘယ်သူသိမှာတဲ့လဲ့ အနာဂတ်ဟာ မလှပလိမ့်မယ်လို့ …။ဒါပေမယ့်လည်း ကံကြမ္မာဆိုတာ သိတ်ကို ဆန်းကြယ်တယ် မဟုတ်လား၊ ထင်မှတ်မထားတာတွေချည်း ဖြစ်တတ်လို့လေ…..။
`ပြင်ဆင်စရာရှိတာတွေအားလုံးနီးပါး ဖေဖေလုပ်ထားပြီးပြီ၊ မင်းရန်ကုန်ကို သွားကိုသွားရမယ် ငါ့သား´စကားတွေ ဘယ်တုန်းကမျှ များများစားစား မပြောတတ်တဲ့ ဖေဖေ၊သားမသွားချင်တဲ့ နေရာကို အတင်းစေလွှတ်နေပြန်ပြီ…။သည် အကြောင်းတွေ မြူသာသိခဲ့မယ် ဆိုလျှင်လည်း သိတ်တော့ ထူးမည်မထင်ပါ..။မြူနဲ့ ချစ်သူဖြစ်ကာစ ညနေခင်းတစ်ရက်မှာပေါ့ မြူ့မေမေ ချစ်ဦးတို့ အိမ်ကိုရောက်လာပြီး..၊ချစ်ဦး ဖေဖေနဲ့ စကားတွေ အများကြီး ပြောခဲ့သည်ဘဲ…။သည်တုန်းကတည်းက အနာဂတ်ဆိုတာကို ချစ်ဦးသိနှင့်ခဲ့ ပြီးသား..။သို့သော် ငယ်သူနှစ်ဦးရဲ့ ချစ်ခြင်းဆိုတာမှာ ပြင်ဆင်ချိန်မရလောက်အောင် နောက်ကျခဲ့ရပြီ..။သူတို့ ချစ်သူတွေ ဖြစ်နှင့်နေခဲ့ ပြီးပြီဘဲ…။့အမှန်တကယ်တော့ မြူနှင်းဆိုတဲ့ ကောင်မလေးမှာ ငယ်ငယ်လေးကတည်းက ပိုင်ဆိုင်မည့်သူဆိုတာ ရှိနှင့်ခဲ့ ပြီးသား..၊ဒါကိုသူမလည်း မသိတာမှ မဟုတ်ဘဲလေ။ နှလုံးသားဆန္ဒဆိုတာမှာ အရောင်တွေ ရောစပ်ထားခြင်း မရှိပါဘူး..၊လိမ်ညာတာ ဆိုတာလည်း မရှိခဲ့ရ
သို့သော်……..၊……….၊……….၊……….၊………။
နှလုံးသားဆိုတာ သိတ်ကို ဆန်းကြယ်လွန်းပါတယ်မြူရယ်၊ တကယ်ဆို မင်းလည်းဘဲ ငါ့ကို နာကျည်းကောင်း နာကျည်း နေတော့မှာဘဲ။ ဖြစ်သင့်ပါတယ်လေ..၊ယောင်္ကျားတန်မဲ့ မပြတ်မသား ရှောင်ခွာသွားတဲ့ ငါ့ကို နင်မုန်းသင့်ပါတယ်။ ခုဆို နင်လည်း ဘ၀သစ်မှာ နင့်ရဲ့ လက်တွဲဖော်နဲ့အတူ ပြုံးပျော်နေလောက်ရောပေါ့။ နောင်ဘ၀သာ ရှိဦးမယ် ဆိုရင် ငါမင်းနဲ့ပြန်ဆုံချင်ပါသေးတယ်ကွာ..၊ခုတော့ ဆောင်းနံနက်တိုင်း သဘာဝရဲ့ နှင်းမြူတွေက ငါ့ကို ဘယ်အချိန်ထိ ခြုံလွှမ်းထားဦး မှာပါလိမ့်……….၊…………၊………..၊……………။

1 comment:

Anonymous said...

အလွမ်းဓာတ်ခံရှိတော့ ခံစားရတယ်ကိုဖိုးကြယ်

ပြန်ဆုံဖို့ ဆုတောင်းပေးပါတယ်

အားပေးလျက်ပါ

Related Posts with Thumbnails