Saturday, October 4, 2008

ကျတော်၏ ပထမဦးဆုံးများ

ပထမဦးဆုံး တက်ရသည်ကျောင်း...၊
အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကုန်မြို့၊

ပထမဦးဆုံး အတန်းပိုင်ဆရာမ....၊
သေချာတာကတော့ မမှတ်မိတော့ဘူး ခင်ဗျ..၊ဘာကြောင့်ဆို တက္ကသိုလ် ၀င်တန်း
ရောက်သည်အထိ ကျောင်းပေါင်း အနည်းဆုံး (၅) ကျောင်းလောက် ပြောင်းခဲ့ ဖူးတယ်..။

ပထမဦးဆုံး သူငယ်ချင်း...၊
မျက်ပြူး...၊အဲဒီ့တစ်ယောက်ဘဲ မှတ်မိတော့တယ်..၊ကျန်တာကတော့ မှတ်ကို မမှတ်မိတာ.။

ပထမဦးဆုံး ဖတ်မိတဲ့စာအုပ်....၊
ရွှေသွေး ဂျာနယ်..၊ငယ်ငယ်တုန်းကတော့ သူကနာမည်ကြီးဘဲ


ပထမဆုံးပျော်ပျော်ရွှင်ရွှင်ဖတ်မိတဲ့ ကျောင်းစာ....
မမ၀၀ထထက ထင်တာဘဲ..၊

ပထမဦးဆုံး ရဖူးသောဆု...
ခဲတံသုံးချောင်း၊ခဲဖျက်တစ်တခု နဲ့ ခြောက်လက်မပေတံ

ပထမဦးဆုံးစီးသော ဘတ်စ်ကား....
အမှတ်(၃၇)၊(၃၁) တ-ဥက္ကလာကနေ ဆူးလေထိရောက်တယ် ထင်တာဘဲ

ပထမဦးဆုံး ဆိုဖူးတဲ့သီချင်းက.....
မိုးစက်တင်လေ အဆိုတော်လွှမ်းမိုး

ပထမဦးဆုံး ရေးခဲ့သော ရည်းစားစာ......
သူများအတွက် ရေးပေးခဲ့တာ..၊တက္ကသိုလ် ပထမနှစ်တုန်းက ။ မှတ်မိသေးတယ် အရေးကောင်းလို့ တစ်စောင်ကို ငါးဆယ်ကျပ်နဲ့ ရောင်းစားခဲ့ဖူးတယ်။

ပထမဆုံး ရေးခဲ့ဖူးတဲ့ ကဗျာ....
တစ်ပိုင်းတစ်စတော့ မှတ်မိသေးတယ်..။
လေညှင်းဝေ့ဝေ့ အပြုံးတစ်မေ့မှာ
တရုတ်ဘီးမို့ မျက်နှာလွှဲတာလား ခင်ရယ်...။
ဘာရယ်လို့တော့ မဟုတ်ဘူး မန်းသူအတော်များများက စက်ဘီးနဲ့ဆို သိတ်လူရာမ၀င်ချင်ကြဘူး.။ဆိုင်ကယ်လ်တောင် ဂျပန် ဘီးမှ အထင်ကြီးတတ်ကြလို့..၊ရွဲ့ပြီး ရေးခဲ့မိတာ...။

ပထမဆုံး ရောက်ဖူးတဲ့ တစ်ခြားမြို့....
မန္တလေးမြို့..၊ခုတော့ အဆိုတော် ဆင်ပေါက်က ရွှေခြေကျင်းမြို့လို့ ဆိုနေတယ်....။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား...
ရွှေလီ၊ ဂျယ်ဂေါင်၊ လောက်ကိုင်၊ တရုတ်ပြည်.....

ပထမဆုံး သောက်ဖူးသော ဆေးလိပ်...
ဆေးပေါ့လိပ်ဘဲ..၊ခုထိနာမည်ကြီးဆဲ ကြယ်နီ။ အဘွားကို မီးတို့တို့ပေးရင်း ငါးတန်းလောက်ကတည်းက ခိုးခိုးသောက်လာတာ..၊ခုတော့ Marlboro ဖြစ်နေပြီ။ ဖြတ်ဖို့ဆိုတာတောင် အတော်ကလေး ဦးစားနေရတယ်...။

ပထမဦးဆုံး သောက်ဖူးသော အရက်...
နာမည်တော့ မမှတ်မိတော့ဘူး..၊အဖေ လက်ဆောက်ရလို့ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့မှာသောက်ဖူးတာ..။သုံးလလောက် အရက်စွဲခဲ့ဖူးတယ်..။မသောက်ဖြစ်တော့တာ ဆယ်နှစ်နီးပါးပေါ့..။

ပထမဦးဆုံး ပစ်ဖူးသော သေနတ်....
အရင်တုန်းကပေါ်တဲ့ home game တွေမှာ ငှက်လေးတွေကို သေနတ်နဲ့ ပစ်ဆော့ဖူးတယ်..။

ပထမဆုံး ဘလော့ပိုစ်...
ငါ့ကို မချစ်ပါနဲ့ (ကဗျာ)..။

ပထမဦးဆုံး အကြိမ် ထီပေါက်ခြင်း....
ငယ်ငယ်ကတော့ အောင်ဘာလေလိုဟာမျိုး အစိုးရထီတွေ ထိုးသေးတယ်..။နောက်ပိုင်း တစ်ခါမှ မထိုးဖြစ်သလို တစ်ခါမှလည်း မပေါက်ဖူးဘူး...။

ပထမဦးဆုံး ၀င်ငွေ ရှာသောအလုပ်.....
အသက်(၁၄) နှစ်လောက်ကစပြီး အဖေမအားလို့ နယ်တွေကို သွားပေးရတိုင်း လုပ်အားခ အနည်းဆုံး ၂၀၀မျိုး ၃၀၀ မျိုး ဆိုသလို ရခဲ့တယ်..။နောက်ပိုင်းတော့ တစ်ခေါက် တစ်ထောင်ဘဲ..၊စားပြီးသောက်ပြီး ပေါ့လေ...။

ပထမဦးဆုံး ၀ယ်သော သီချင်းခွေ...
အဆိုတော်ကောင်းတွေ အတော်များများပါတယ် love songs vol: 1

ပထမဦးဆုံး နှစ်သက်ခဲ့သော သီချင်း...
Eagle အဖွဲ့က ဆိုထားတာပါ You & I

ပထမဦးဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း.....
ခြောက်တန်းကလို့ ထင်တာဘဲ..၊ ဆရာထုတ်ထားတဲ့ Black boad ပေါ်က အတိုကောက် နုတ်လေးတွေကို စီလျှော်အောင် စာပြန်စီပေးရတာ..။

ပထမဦးဆုံး ရည်းစားထားခဲ့ ဖူးသောနှစ်.....
ပြောရင်လည်း မုသားတွေ ဖြစ်တော့မှာဘဲ..၊ခုချိန်ထိ ရည်းစားမရှိ။ကျတော်က ရည်းစားဆိုတာထက် ချစ်သူကို ရှာနေတာ မတွေ့သေးဘူး ဖြစ်နေတယ်.။လမ်းကြုံရင် ကူရှာပေးကြပါလား..။

ပထမဆုံး လည်ပတ် ကြည့်ရှုခဲ့ဖူးသော ဘလော့ဂါ...
.
အငွေ့ပျံအိမ်မက်.၊ကောင်လေးနဲ့ ကောင်မလေးရဲ့ ရင်ခုန်သံ ဒိုင်ယာရီ ဆီကနေတစ်ဆင့် ရောက်ခဲ့တာ..။အငွေ့ပျံအိမ်မက် ၊နဲ့ ခုလက်ရှိ နှလုံးသားအပိုင်းအစတွေ ကြားကကိုရင်ခတ်နွယ် တို့ဟာ အဲဒီ့အချိန်ကတည်းက ၀ါသနာတူ အခန်းဖော် သူငယ်ချင်း ဘလော့ဂါတွေပါဘဲ...။

ပထမဆုံးတွေထဲကမှ ပထမဆုံးတွေပါဘဲ..။သူငယ်ချင်း ဖြစ်တဲ့အငွေ့ပျံအိမ်မက် ဆီကို အလည်ရောက် ဖတ်ရှုမိလို့ အတက်နဲ့ မိသွားတယ် ဆိုပါစို့ဗျာ..။မှတ်မိသမျှတွေလည်း ကုန်ပြီထင်တာဘဲ၊ ကျေနပ်နိုင်မယ်လို့ ယုံကြည်ပါတယ်..။

No comments:

Related Posts with Thumbnails