Thursday, January 31, 2008

အတွေး

ကျတော်နဲ့ သူမကြား ဘာဆက်သွယ်ချက်မှ မရှိ..။ရိုးရိုးစင်းစင်း ကလေးပါဘဲ ..၊ကျတော်ချစ်ခဲ့မိတယ်.....
အမြဲလိုလို ပြောဖြစ်တာက ခင်ဗျားနဲ့ ကျတော်၊ကိုယ့် ကိုကိုယ် ၀တယ်လို့  ထင်နေတဲ့ဆယ်ကျော်သက်
ကောင်မလေးတစ်ယောက်, ညစ်ကျယ်ကျယ်ဆိုတဲ့ အသုံးအနှုန်းကို မြတ်နိုးတတ်တဲ့ ဂွတီးဂွကျ သူမ..။
အဟက်ဟက်...,အဲလိုရီတတ်လာတာ သူမဆီက ကူးတာဗျ...။စကားလုံးတွေ နဲ့  နှိပ်ကွပ်ရမယ်ဆို ရှေ့တန်း၊
သွေးလန့်  သူကို ရေတိုက်တာလည်း သူ့  အကျင့် ...။အိုင်ဒယ်နဲ့  ပြန်လာမယ် ပြောပြီး ဥည့်နက် သန်းခေါင်
လေပြေထိုးတာလည်း ရှိပါသေးရဲ့ ..။အဲဒါ ကျတော် နှစ်သက်တဲ့ ကောင်လေးရဲ့ အကြောင်း တစ်စိတ်တစ် ပိုင်း
ပေါ့လေ..။မဆိုင်မှန်းလည်းသိ ၊မပိုင်မှန်းလည်းသိမို့  ဖွင့်အာမိတာက ရင်မှစိတ်ကူး။ဒါဘဲ ပေါ့လေ၊မဆိုင်
ပေမယ့်လည်း ချစ်တာ ကတော့ ချစ်တာဘဲ ပေါ့..။သူမပြောဖူးသလို ပေါ့ပေါ့ကလေးတွေး လို့ေ တာ့ ဘယ် ဖြစ်
ပါ့မလဲ..။
သူမလည်းစာရေးသည်॥၊ကျတော်ကလည်း ဘလော့ဂါတစ်ယောက်။ သေချာတာက ကျတော်သူမလောက် စကား
မကြွယ်။ နယ်နှင်ဒဏ်၇ထားသူ တစ်ယောက်ပမာ တွေ့ တစ်ရက် ၊မတွေ့  ဆယ်ရက်နဲ့  နေ့ မှသာလသို့  ပြောင်းသွား
သည် ။ကျတော်ချစ်တာ သူမမသိ ။ကျတော်မည်သူမည်ဝါဆိုတာလည်း သူမမသိ ။ကောင်မလေးရ မင်းကိုချစ်မိတာ ရင်မောလိုက်တာ (သို့ ၊၀ါ)ပန်းပေါင်းခသူမို့  သည်မောင့်အသည်း ၀ပ်ဆင်းဆဲပါ (သို့ ၊၀ါ) လှမ်းကွာဝေးဆဲ မို့  ဆုတောင်းတွေ မပြည့်ဝမှာ တွေးကြောက်မိတယ် စသည်စသည်သူမနားလည်မည်မဟုတ်..။ဟစ်ဟော့...၊ pop ပေါ့ တွေနဲ့  ရို့  ရို့ အော်နေတဲ့ သူမတို့  ပတ်ဝန်းကျင်ကြား ကျတော်ခရီးသွား ယောက် ချာချာ နဲ့  လွမ်းရတော့ မည်လား...။

မှတ်ချက်။ ။လာရောက်လည်ပတ်သူများ ခင်ဗျား ၊တိုက်ဆိုင်မှူတွေ ရှိခဲ့မယ် ဆိုရင် ဖြင့် ညိုညင်မှု ခေတထ္တ ရပ်ဆိုင်း ပေးဖို့  တောင်းပန် အပ်ပါတယ်..။သွားရင်းလာရင်း သမိုင်းထဲ ခလုတ်တိုက် ခဲ့မိတဲ့ တစ်ဘ၀စာ ကျောက် ခဲလေးတစ်လုံး မို့  ပါ..။


No comments:

Related Posts with Thumbnails