Wednesday, January 16, 2008

သ၀ဏ်လွှာ

ငါ့ရဲ့မြတ်နိုးသူလေးရေ နင်မသိတဲ့အချစ်
နင်သိအောင် ဘယ်လိုပြောရပါ့
သံစဉ်တွေရှာရတာ မောလှပြီပေါ့
မျှော်လေတဲ့ စိတ်ကူး...၊.....၊........။

မိုးထက်က ကြယ်တစ်ပွင့်မို့ 
ဝိုင်းပတ်လည် ချက်ကြသည်က
နိဗ္ဗာန်ဈေး သာသာ
သူတကာကိုပြတဲ့ အနီရောင်စက်ဝိုင်း
မုန်းလှပါဘိ......၊.......၊......။

တွေ့ တစ်ခါ မတွေ့ တစ်လနဲ့ 
နှစ်သစ်ကိုတောင်ရောက်ပါပေါ့
နေ့ ....၊ည....၊မတူညီခြင်းတွေ နဲ့ 
နယ်ခြားမျဉ်းတွေ ရှိနေသကာလ
ကမ္ဘာ့ လူသားနှစ်ဦးရဲ့ အနာဂတ်
အပဘယ်သို့  သာယာနိုင်...၊...၊...........။

No comments:

Related Posts with Thumbnails