Thursday, January 10, 2008

ရင်ခွင်ပျောက်တဲ့နေ့ 


ကောင်မလေးရေ...
အိမ်ပြန်ချိန် လမ်းခွဲရလည်း
တမင်မအိပ်ဖြစ်ခဲ့တဲ့ ညတွေမှာ
ငါနှင့်မဆိုင်ပဲ နင့်ကိုသတိရနေတယ်

ကောင်မလေးရေ.....
နင့်ကိုသတိရတိုင်းဟာ အမှတ်တရဆို၇င်
ငါ့အခန်းနံရံရဲ့  စိတ္တဇပန်းချီကားမှာ
နင့်မျက်နှာလေး ထင်ကျန်နေလိမ့်မယ်

ကောင်မလေးရေ.....
နင့်ကိုလွမ်းလို့ တမ်းတမိတိုင်း
ဆုံနေကြ အချိန်ရောက်အောင်
နေမင်းကို ကန့်လန့်ကာနဲ့အုပ်
ညပြန်ရောက်အောင် ငါလုပ်ချင်တယ်

ကောင်မလေးရေ.....
အချစ်နှင့်သူငယ်ချင်း ဆိုတဲ့ကြားမှာ
ငါလွန်ဆွဲရင်း တွေဝေလို့
နင့်ကိုချစ်တယ်လို့ ငါသိတဲ့နေ့မှာ
ငါရင်ခွင်တစ်ခုလုံး ကျပျောက်ခဲ့ရတယ်.......။......။

No comments:

Related Posts with Thumbnails