Thursday, January 31, 2008

ချစ်သူသို့ 

ချစ်သူ...၊
အကြိမ်ကြိမ်အခါခါ ငါမျှော်လင့်ပေမယ့်လည်း
နင့်သီးတွေစကားတွေနဲ့  နင်ဆင့်ကဲ
ကိုယ်ကလည်း တစ်ဖတ်သတ်မို့ 
သခင့်ခြေမှာ ၀ပ်ဆင်းဆဲ....။...။

ချစ်သူ...၊
ကန့် သတ်ချက်တွေမရှိဘဲ ငါချစ်ခဲ့မိပေမယ့်
နင်ကတော့ ရစ်ဝဲတဲ့ပျားကောင်လို့ 
ထင်ချင်ထင်မှာပေါ့...၊
တကယ်ဆို အချစ်မှာ
နှိုင်းယှဉ်ချက်တွေ မရှိလောက်ပါဘူး...။.......။

ချစ်သူ...၊
ဝန်ခံပါတယ်ကွာ အချိန်အချို့ မှာပေါ့
ရီဝေစွာ ငါနေတတ်ခဲ့ပေမယ့်
လိုအပ်နေတဲ့ ဘ၀ရဲ့အစိတ်အပိုင်းတွေအတွက်
သူကလည်း ငါ့ရဲ့အားဆေးဘဲလေ...။............။

ချစ်သူ...၊
အမှန်ဆို ကိုယ်ကလည်းလူသားပါ
နင့်မှာလည်း နှလုံးသားရှိတာဘဲ
ဘာဆိုဘာမှ မသိဘဲနဲ့ တော့
နင်လည်း မမုန်းတတ်လောက်ပါဘူး
ဒါကြောင့်.............၊
အဖန်တရာ အားတင်းလည်း
ဖွင့်အန်မိတာက ပေရွက်လွှာ
ချစ်မိသည်က တစ်သက်တာမို့ 
ထာဝရအတွက် ပြောလိုက်ချင်သည်
မင်းကိုကိုယ် ချစ်သည်...။...........။............။

No comments:

Related Posts with Thumbnails