နွေရဲ့ ညနေခင်းက လှလိုက်တာ.။ကြည့်စမ်းပါ ဦး ။ရွက်ခြောက် လေးတွေက လမ်းတစ်ခုလုံးကို အ၀ါရောင် ပန်းချီကား တစ်ချပ် အဖြစ် ဖန်ဆင်းထားတယ်လေ..။လမ်းဘေးက ကန်ရေပြင်ထဲ မှာလည်း နေ့ ခင်းကြောင်တောင် ကြယ်တာရာတွေ ပျိုးပျက်နေပါသေးတယ်....။သဘာဝတရား ကြီးရဲ့ ဖန်ဆင်းရှင်က အရာရာ ကို ပြိး ပြည့်စုံအောင် လုပ်ပေးထားတယ်လေ။ ဒါတင်ကရိုးလား မိုးကောင်းကင်က စုတ်ချက် ကြမ်းကြမ်းတွေ ကဘဲ တစ်မျိုး လှနေ ပြန်သေး.....။သို့  သော် တစ် ယောက်သော သူကတော့ သည်အလှတွေ ထဲမှာ ဘာမျှမဆိုင်သူ မသိသူတစ်ယောက် လို ဘဲ ။ သူ့ မျက် ၀န်း အိမ်ကလည်း အဆွေးရိပ်တွေ ဖြာ ထွက်နေလိုက်တာ ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လို့ ॥။သူက ကန်ရေပြင်ဘေးက ခုံတန်းလေး ဘေးမှာ မတ်တတ် ရပ်နေတာ။နေရာကတော့ တကယ့် စိတ် ညိမ်ရပ်ကွက်တစ်ခု သာသာဘဲ..။အဆုံးစွန်ထိ သက်ရှိသတ္တ၀ါလေး တစ်ကောင်တောင် မရှိဘူး..။သူ...၊ဘယ်လောက်ကြာအောင် မလှုပ်မယှက် ရပ်နေခဲ့တာ ပါလိမ့်..။ဒီကြားထဲ လေပြေ ညှင်းရဲ့ လက်ချောင်းတွေ ကလည်း သူ့ ဆံပင်နုနု လေးတွေ ကို ထိုး ဖွကျီဆယ်နေလိုက်တာ စိတ်လှုပ်ရှား ဖို့  တောင် ကောင်းတယ်..။
`ထောက်...၊ထောက်.......၊ထောက်....၊ထပ်.........။´ ဒါကြားနေကျ လမ်းလျှောက်သံမှန်း သူချက်ချင်းသိသည်.။နောက်ဆုံး ခြေစုံရပ် ပြီးသူ့  ကို ကြည့်နေမည် မှန်းလည်း သူသိသည်..။
သို့ သော် သူချက်ချင်း အလှည့်ဖြစ်။ကြည့်ရတာ ကားကို တစ်နေနေရာရာ မှာ ထားခဲ့ ပုံ ရသည်..။ကီးချိန်းသံလေးတွေ ပါပျောက်ဆုံးနေတဲ့ အတွက် လွယ်နေကျ အိတ်တောင် ယူလာပုံ
မပေါ်...။သူ...၊ကျော ပေးထားဆဲ။လွယ.်အိတ်ထဲမှာ ရှိတဲ့ ဖက်(စ်) တစ်စောင်နဲ့ ဒိုင်ယာရီကြားထဲက အလုပ်နှုတ်ထွက်ကြောင်း စာအိတ်ကို သူဘယ်လို ပြရကောင်း မလဲစဉ်းစားနေဆဲ။
လက်မှနာရီ ကို အသာငုံ့  ကြည့်လိုက်တော့ ညနေငါးနာ ရီ သုံးဆယ်မိန်စ်။ပုံမှန်ထက် နာရီဝက်နောက် ကျသည်။ကိစ္စမရှိ ၊မနက်ဖြန်ဆိုတာနဲ့ အရာရာ အားလုံး တစ်က ပြန်စရတော့ မှာမို့ 
သူဘယ်လိုမျှ မခံစားရ ..။စိတ်ထဲမှာတော့ အားလုံးတစ်စစီ ပြိုကွဲနေခဲ့ ပြီ..။သူဒီနေရာလေး ကို မရောကင်ခင်ကတည်းက ကြေပျက် သေဆုံးခဲ့ ပြီးပြီလေ...။......။
`ကိုပြည့်.....´။တိုးတိတ်ညင်သာစွာ ရေရွတ်လာတဲ့ တစ်ယောက်သော သူရဲ့ စကားသံမှာ တစ်ချက်တော့ သူတွန့်  သွားမိသေးတယ်..။ဒါပေမယ့် သတိနဲ့ ယှဉ်လိုက်ချိန်မှာ အတွေးတစ်ခုက
သူ့ ခေါင်းထဲမှာ ခုန်ပေါက်နေခဲ့ ပြီ။မဆိုးပါဘူး...၊သူလို ကောင်ကို ဒီလို ခေါ်နိုင်သေးတယ် ဆိုကတည်းက သူ့ အတွက် မျှော်လင့်ချက် ရှိသလိုလိုဘဲ။ပြင်ပ သဘောတရားမှာ ဒါတွေဟာ အဓိက
အရာ အဟုတ်လောက်ပါဘူး..။တကယ့်တကယ်မှာ တော့ အက်ရှရှသံစဉ် အချို့ နဲ့  ခွန်းတုန့်  လိုက်မိသည်က ` ကို့  ကို အသိအမှတ် ပြုသေးတယ် ဆိုတံ အတွက် ကျေးဇူးလို့  ဘဲ ပြောပါရစေတော့ ကွာ..။
စကားတွေ များများ ပြော ဖြစ်ရင် နှလုံးသားတွေလည်း များများ နာ ကျင် မိလိမ့်မယ်..။ဒီတော့ ဒီစာကို ယူသွားပါ ၊ ပြီး၇င်...၊မင်း....၊ပြန်ပါတော့..။´ပြောသာပြော နေရသည် သူ့  ရင်တွင်းမှာ လည်း
ဘလောင်ဆူနေ ပြီ..။ဟောသည့် ရင်ဘတ် ကြီးတစ်ခု လုံး တင်းကျပ် သလို ခံစားရတာ ဘယ်လောက်ခ့ရခက် သလဲ..။တစ်ချက်တစ်ချက် အသက်ရှူတာတောင် ရပ်နေသလားလို့  ကိုယ့်ကိုကိုယ် မလုံမလဲ
ဆန်းဆစ်မိသည့် အဖြစ်။......။
`ကိုပြည့် ..၊နောက်ထပ် ပြန်မဆုံကြေး´...။သူမဆီက ဒုတိယံမိ စကားတစ်ခွန်း....။ချက်ချင်းဆို သလို သူသိလိုက်တယ်..။သူ့ ပါးပြင်မှာ အမည်မသိ မြစ်တစ်စင်း စတင်စီးဆင်းနေ ညပြီဘဲ..။မျက်နှာမမူဘဲ
ကမ်းလှမ်းထားတဲ့ သူ့ လက်ထဲကစာအိတ် လေးတွေလည်း ညင်ညင်သာသာကလေး ခုန်ထွက် သွားပြန်တယ်...။သူ...၊ဆို့ ...၊နင့်...၊ကြေကွဲ...။၊နောက်...၊ တစ်ရွေ့ ရွေ့  ထွက်ခွာသွားမယ့် အိန္ဒြရှင် ခြေလှမ်းတွေ ။
ခပ်ဝေးဝေးက ကားတံခါးပိတ်သံ ၊စက်နှိုးသံ သဲ့သဲ့ ကို ပါ သူတစ်ဆက်တည်း ကြား မိ ပြန်ပြီ..။အော်...၊လွန်ခဲ့တဲ့ သုံးနှစ်လောက်က တောင် ပေါ် မြို့ လေးတစ်မြို့ မှာ ပေါ့ သူတို့ တစ်ယောကိကို တစ်ယောက် အပြန်
အလှန်နောက်ခဲ့ ဖူးသည်ဘဲ..။အဲဒီ့တုန်းက အိမ်ပြန်ချိန်တိုင်း ပြောဖြစ်တဲ့ စကားတစ်ခွန်း ခုချိန်ခါမှာ ဆန့် ကျင်ဖက် ပြန်သုံးသွားတယ်လေ..။မှန်ပါတယ်ချစ်သူ ...၊တို့ နှစ်ယောက် `နောက်ထပ် ပြန်မဆုံကြေး´...။သိတ်
မှန်တာပေါ့ ဘယ်တော့မှ ပြန်မဆုံကြေးဘဲ.........။.......။
အရာရာအားလုံးဟာ အစကတည်းက လွဲမှားနေခဲ့တာပါကွာ....။မင်းဆိုတဲ့ ကောင်မလေးဟာလည်း ခုဆိုလျှင် မီးဖိုချောင် ထဲမှာ တစ်ခုခုများ ချက်ပြုတ်နေမည်လား..ဒါမှမဟုတ် အိမ်ထောင်ရှင်မ ပီသစွာ နဲ့ အိမ်အလုပ်တွေနဲ့ ဘဲ ပိနေမည်လား...၊သို့ မဟုတ် `ကိုပြည့်´လို့  သူခေါ်ခဲ့တဲ့ ကောင်လေးတစ်ယောက် ကိုများ နှလုံးသားရဲ့ ကမ္မည်းမှာ မှတ်ကျောက်တင်နေ ဦးမည်လား ၊မသိချင်တော့ပါ...။အရာရာ အားလုံးဟာ အစကတည်း ပြင်ဆင်ချိန် မရလောက်အောင် လွဲများခဲ့တာလေ..။သူဆိုတဲ့ ကောင်ကလည်း မွေးကတည်း က စေ့စပ် ပြီးသာ မိန်းကလေးတစ်ယောက် ကိုမှ ကျိုး နွံခဲ့ ..၊သူမဆိုတာကလည်း မိဘနှစ်ပါးရဲံ ဒလိမ့်တုံးပေါင်း များစွာ အောက်မှာ လည်ပတ်ခဲ့ ရသူမို့  မဆန်းတော့ ပါ..။ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စဘာဝလို့ ဘဲ ပြောကြပါစို့ ...။သူလည်း မနက်ဖြန်ဆို ရန်ကုန်သို့  ဆင်းရတော့ မည်..။ပြည်ပမှ အလုပ်ခေါ်စာ ရောက်ရှိခဲ့ ပြီလေ..။သူ..၊အခန်းကိုပြန်ဖို့  အားမွေးလိုက် မိသည်..။သူ့ ရဲ့အနာဂတ်
အတွက် ပြင်ဆင် ရဦးမည်ဘဲ...။........။
ချစ်သူ...၊တကယ်တော့ အတိတ်ဆိုတာ ပြန်လည် အသုံးပြုလို့  အရဘူးဆိုပေမယ့် လည်း ပစ္စုန်အတွက်တော့ အမည်မသိတဲ့ ရသတစ်ခုကို ပေးကောင်း ပေးနိုင်မှာပါ..။ဒီလိုပါဘဲ အစကတည်းက ငါသာ လေမလွင့် ဖြစ်ခဲ့ ရင်..၊အစကတည်းကသာ မိဘအရိပ်မှာ နေဖြစ်ခဲ့ ရင်..၊အစကတည်းကသာ တို့ နှစ်ယောက် မဆုံဆည်းခဲ့ ရင် ..၊ဟောသည့်လို ညနေခင်းဟာ ငါ့အတွက်တော့ ချိုမြိန်တဲ့ ၀ိုင်တစ်ခွက် ဖြစ်ကောင်းဖြစ်လာခဲ့မှာဘဲ........။.......။ခုတော့ ၊အရာရာ အားလုံးဟာ အစကတည်းက မှား ယွင်းနေခဲ့ရတာပါလား.....။ဘယ်သူ့ မှာမှ အပြစ်မရှိ..၊မတည် ငြိမ်သေးတဲ့ သူ့ ရင်တွင် မျက်နှာပြင်ကို နေရာ...၊ပတ်ဝန်းကျင် ....၊လူနေမှု ပုံစံသစ်တွေရဲ့ အောက်မှာ ဘယ်ပုံဘယ်နည်းနဲ့  ဆက်လက် ရုန်းကန်ရမှာ ပါလိမ့်..........။.........။
Wednesday, December 19, 2007
အနာဂတ်မဲ့
Subscribe to:
Post Comments (Atom)

No comments:
Post a Comment