Tuesday, December 18, 2007

စိတ္တဇ

ငါ့နှလုံးသား ဒဏ်ရာတွေ ဗလပွ
မည်သူမျှ မလိုချင်တဲ့ ဘဝ
ကောင်ကြောင်းတွေ ၀ါးစားခွင့် ပြုပါ
အိမ်မက်သခင် ခေတ္တ..........၊
မှောင် မိုက်ချိန်....။........။

ကျေးဇူးပြု ပြီး မင်းရဲ့
အေးစက်စက် အနမ်းတွေ ထက် ငါ့ ကို
ရုတ်သိမ်း ခွင့် ပြု
သံသရာရဲ့ အစွန်းတစ်ဖက်
ငါ.......၊
ခုန်ချမိ လိမ့်မယ်....။..........။

ကဲနေညိုပြီ
မာကျောတဲ့ မြကျောက်ဖျာမှာ
မယ်လိုဒီဆိုတာ
သူ့  အလိုလို ပေါ်ထွက်လာတာ မဟုတ်ဘူး
ဒီတော့ တိစ္ဆေတစ်ကောင်သာသာ
ညထဲ............၊ငါ့အလင်းတွေ
ခါချနေမိတော့တယ်............။


No comments:

Related Posts with Thumbnails