Thursday, December 13, 2007

ရာသီပန်းတွေနဲ့ ခိုင်


သဇင်တွေနဲ့  ခိုင်
တကယ်တော့ ခွာညိုဆိုတာလည်း
ကိုယ်တို့  ပိုင်ဆိုင်ခဲ့ဖူး
ပေါက်ပန်ူးခူးတာလဲ ကိုယ်တို့ ပါဘဲ...။

သရဖီတွေနဲ့  ခိုင်
ကံကော်တွေ မင်းခေါင်းမှာဝေ
စကားပန်းတွေနဲ့  ညောင်ရည်သွန်းလို့ 
စံပါယ်တွေ တောင် ပွင့်ပြန်ပြီ
မြတ်လေးပန်းတွေ နဲ့  တို့ ပျော်တော့
ခတ္တာပွင့် ချိန်မှာ အလှူပေးမယ်ဟဲ့
မျှော်လင့်ခြင်းတွေနဲ့  လှေသဘင်ပွဲ....။........။

ယင်းမာတွေနဲ့  တော်သလင်းရယ်
ကြာဖြူပန်း တွေနဲ့  သီတင်းကျွတ်ရယ်
တန်ဆောင်မုန်း မှာတဲ့ ခ၀ဲပန်းရယ်
ဆင်သာဆင် ယှဉ်လှသမို့ 
ဆယ့်နှစ်လ ရာသီပန်း...။......။

ချစ်သူသာဆင် ပျော်ရွှင်သူ မို့ 
မောင်ဖိုး ကြယ် ရှုစားကာလ
နှစ်ဦးမှသည် နှစ်ဆုံးတိုင်
ကမ္ဘာဆုံးအောင် ချစ်မည့်သူ..........။..........။

No comments:

Related Posts with Thumbnails