Tuesday, December 4, 2007

ဒိုင်ယာရီ တစ်ပုဒ်ရဲ့ မှတ်တမ်း


အပြင်မှ ဂစ်တာသံ သဲ့ သဲ့ က သူ့ နားထဲ မှာ ဘောင်ဘင် လာခတ် နေတာ နည်းနည်းတော့ ညိုညင် မိသည်..။သို့ သော် သူ ဘာတတ်နိုင်တာမှတ် လို့  ..။အတွေးတွေ က ဟိုတစ်စ သည်တစ်စ ..၊ရေးလက်စ ကဗျာလေးကို ဘယ်လို အဆုံး သတ်ရမလဲ ဆိုတာ သူ စဉ်းစားနေဆဲ...၊ဆိုပေမယ့် သူ့  မျက်ဝန်း အစုံကတော့ အိပ်ယာထက် သို့ သာ..။ ညသုံးနာရီ တောင် ကျော် နေပြီဘဲ .။မနက် အလုပ်ဆင်းရမှာမို့  သူအိပ်မှ ဖြစ်မယ်လေ..။အခန်းဖော်တွေ ကတော့ ညပိုင်း အလုပ် သမားတွေ ဆိုတော့ သူ့ အတွက် ပြသာနာ သိတ်မရှိလှ။သို့ သော် တစ်ခု ခက်နေသည်က သူ တွေးနေတဲ့ သူ့  ရဲ့ အတိတ်ကိုပါ...။ကြာခဲ့ ပါပြီ ၊လွန်ခဲ့တဲ့ ဆယ်ခုနှစ်လောက် ကအကြောင်းကိုပေါ့...။

လူတိုင်းလူတိုင်းမှာ မျှော်လင့် ဖူးတဲ့ ရည်ရွယ်ချက်တွေ ပျက်ဆီးခဲ့ ဖူးမျာဘဲ..။အဲသည့် လူးတွေထဲ ကမှ လူတစ်ယောက် ဟာလည်း သူ့ ရဲ့ မျှော်လင့်ခြင်းတွေ ဆုံးရှုံးခဲ့ ဖူးတယ်..။ဘာကိုမှ အပြစ်တင်လို့ မရ..။သဘာဝတရားရဲ့ နောက်က သပွတ်အူလို ရှုတ်ထွေးမှုတွေကို သူမြင်မှာ မဟုတ်ပါဘူး..။ကံကြမ္မာရဲ့ စေစားရာနောက် တကောက်ကောက် လိုက်ရင်း ကျင်လည်ခဲ့ ရတဲ့ အနိမ့် အမြင့် သဘောတွေ ကြားမှာ ပျှော်ရွှင်လိုက်၊ ၀မ်းနည်း လိုက၊ တစ်ခါတစ်ခါ စိတ်ကစားလိုက်နဲ့  ချာလပတ်ကို လည်နေခဲ့ တာဘဲ..။သူ့ မှာ ဟောသည့် လူ့  လောက ကြီးထဲ ကို ရောက်လာကတည်း က `အမေ´ဆိုတာ ဘာမှန်း မသိခဲ့..။တစ်ရက်မှာ အိပ်ချိန်သာ ရှိတတ်တဲ့ `အဖေ´ ဆိုတာကို လည်း သံယောဇဉ် သိတ်မရှိတာ သူ့  အပြစ် မဟုတ်လောက် ပါဘူး..။သည်လိုနဲ့  သူ့  ဘ၀ရဲ့ ကျောင်းသား ဘ၀ဆိုတာ မှာ ချောက်သွေ့ မှု တွေနဲ့  ဝေဆာနေခဲ့ လိုက်တာ ရာသီအပတ်ပေါင်း မရေတွက်နိုင် ခဲ့..။မိဘက ၀န်ထမ်း တစ်ဖြစ်လဲ စီးပွားရေး သမားဆိုတော့ သူ့ ဘ၀ရဲ့ နှစ်ပေါင်း ဆယ့်ငါးနှစ် လောက်မှာ မြို့ ပေါင်း ငါးမြို့ လောက် ပြောင်းခဲ့ ဖူးပြီ...။ဒါတောင် အခင်မင်ဆုံး သူငယ်ချင်း မိတ်ဆွေ ဆိုလို့  င်းယောက်တောင် မပြည့်ချင်..။

သူ့  ရဲ့ အိမ်မက်ကဘာလဲ.၊သူ မျှော်လင့်ထားတာ က တက္ကသိုလ် ကျောင်းသား ဘ၀ ။တက္ကသိုလိမှာ ဆိုတဲ့ အတွေးတွေနဲ့  ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပေါ့....။တစ်ရက်မှာ ကောင်လေးရဲ့ ဖခင်ဖြစ်တဲ့ သူက သည်လို ပြောလာတယ်..။`သားရေ..၊အဖေ မင်းအတွက် အမေတစ်ယောက် ရှာလာတယ် ´ဆိုတာနဲ့  ဘဲ အဲသည့်ကောင်လေး ရဲ့ မျှော်လင့်ချက်တွေ ရေဆုန်မျှောခဲ့ တယ်တဲ့..။သူ့ ရဲ့ ဖခင်ကို မည်သူမျှ တားလို့  မရခဲ့ ဘူးလေ..။တားနိုင်မယ့် ဆွေမျိုးလည်း ရှိရှာတာဆိုတော့ သူလည်း လမ်းသစ်တစ်ခု ကို စတင် ဖောက်ခဲ့ ပါရောလား...။အဲဒါ တစ်ဆယ့်ခြောက် နှစ်သာသာ ရှိသေးတဲ့ စိတ်အလွန် ကစားတတ်တဲ့ အရွယ် ကောင်လေးတစ်ယောက် ရဲံ မှတ်တမ်း အစပေါ့.......။..........။

အိမ်ပြေးလေးတစ် ယောက်၊ဆယ်တန်း စာမေးပွဲ ဖြေပြီးကာစ ကောင်လေးတစ်ယောက် ရဲ့ ဘ၀ကို သူတွေးနေဆဲ..။အဲသည့်ကောင်လေးမှာ ခုချိန်ထိ လွယ်အိတ် တစ်လုံးကို သူဘယ်သွားသွား ဆောင်ထားတုန်းဘဲ..။သူမျှော်လင့် ခဲ့ ဖူးတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ လွယ်အိတ်တော့ မဟုတ်ဘူးပေါ့လေ..။သူ...၊တက္ကသိုလိ ကျောင်းသား မဖြစ်ခဲ့ ဖူးပါ..။သို့ သော် သူ ...၊ဘ၀ကျောင်း သားဖြစ်ခဲ့ ဖူးသည်...။သူ...၊သူဌေ်းသားတော့ မဖြစ်ခဲ့ဖူးပါ..။သို့ သော် သူ...၊ ဆင်းရဲသား တစ်ယောက် ဖြစ်ခဲ့ ဖူးသည်..။သူ တွေးနေဆဲ ..။ခုချိန်ဆို `အဖေ´ ဘယ်လိုများ နေမည်မသိ ..။သူကလည်း လူတစ်မျိုး မဟုတ်လား..။ကြည့် လေ အိမ်ကိုသာ ပြန်မရောက်တာ ဖုန်းကတော့ လစဉ်ဆက် ဖြစ်နေသည်မို့ သိတ်တော့ ပူပင်စရာ မရှိ..။ဖုန်းပြော ဖြစ်တိုင်း လည်း `အဖေ ပြောတဲ့ စကား `သား...၊သည်တစ်သက် မင်းအိမ် ပြန်လာဖို့  စိတ်မကူးတော့ ဘူးလား´ တဲ့...။သူ ရင်ထဲမှာ နင့်သည်..။`အဖေ´ မသိအောင် သားမျက်ရည် ကျခဲ့ ဖူးတာတော့ `အဖေ´ မသိဘူးလားလို့  မေးလိုက်ချင်သည်..။သို့  သော် သူ မမေး ဖြစ်ပါ..။`အဖေ့´ ကို သူသနားသည်၊သူအိမ် မပြန်တာ ဆယ်နှစ် နီးပါး ရှိရော့မည်...။လာမည့်နှစ်တွင် တော့ `အဖေ့` မျက်နှာ ကို သွားတွေ့  ဖြစ်အောင် တွေ့  ဦးမည်ဟု ကြုံးဝါးထားမိ သည်..။ကဲ...၊အိပ် ဦးမှ တော် ကြာ မနက် မနိုး လို့  မဖြစ်ဘူး.....။

No comments:

Related Posts with Thumbnails