နင်နဲ့ ငါ...၊ အကြိမ်ပေါင်းများစွာ
သံစဉ်တွေ တိုက်ခဲ့ မိုးကောင်းကင်ထက်
မိုင်ချီအောင် ပျံသန်းခဲ့
အဲဒါ...၊
နင်နဲ့  ငါ...။.........။
နင်နဲ့ ငါ မူးယစ်ထုံဝေခဲ့
လိုင်း ဆိုတဲ့ လေလှိုင်းထက်
ပုံမှား ရိုက်လောက်အောင်
ငါဟာ တုံးအခဲ့
အဲဒါ နင်နဲ့ ငါ.....။...........။
သည်လိုနဲ့  ငါ့သန်းခေါင်ယံထက်
မြကျောက်ဖျာတွေ ပူဆွေး
အနာဂတ်ဟာ အတွေးနဲ့ တင်ရင်လေးတယ်...။
ရာသီပေါင်းများစွာ လည်ခဲ့ ပြီ
ရင်ခုန်သံတွေလည်း ခပ်တိုးတိုးရယ်
အမှတ်တမဲ့............၊
ငါ..........၊သိလိုက်တယ်
ငါ့ ဂစ်တာကြိုးတွေ ပြတ်တောက်
အပြာရောင် နောက်ခံ ပန်းချီကားထဲမှာ
အလှုပ်မယှက် ငြိမ်သက်
အဲဒါ .........၊
ငါငှားခဲ့ တဲ့.........၊
နှလုံးသားတွေပေါ့...။
Sunday, December 2, 2007
အငှားသက်သက် နှလုံးသား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment