Tuesday, November 20, 2007

သံစဉ်မဲ့

ရိုးသားမှုတွေ
အလိုလိုကျဆင်းနေတဲ့
ငါ့ရင်ခွငိထဲမှာ
မင်းကို....
အိပ်စက်ခွင့် ပေးတော့မယ်...။

ခြွင်းချက် အနေနဲ့တော့
မင်းအတွက်...
သတ်မှတ်ချက်တွေ
ကန့် သတ်မထားပါဘူး.........။

မင်းအတွက် ချိုမြိန်တယ်ဆိုရင်
ငါ့...ဖြူစင်မှုတွေကို
တနေ့ တစ်မျိုး မရိုးအောင်
တမြေ့မြေ့နဲ့  ယူငင်သုံးဆောင်ပေါ့..။

အမှားအယွင်းဖြစ်လို့ 
မင်းစိတ်အလို မကျရင်
ခြေရာကောက် နောက်ကြောင်းတွေကို
လှည့်မကြည့်ပါနဲ့ 
ဒီအတိုင်းလေးဘဲ ထားခဲ့လိုက်ပါ
အဲဒါ မင်းအတွက်ပေါ့..။

1 comment:

Layma said...

သဘောကောင်းပါပေ့

Related Posts with Thumbnails