ချစ်သူ.....၊ခရစ်စမတ်ရောက် တော့မယ်နော်.....။ခေါင်းလောင်းသံချို လေးတွေကို သတိရမိသေးတယ်ကွာ.........။ငါမင်းကို ယုံတမ်းတွေ ပြောပြချင်ပါသေးတယ်...။နွေလယ် အိမ်မက်က တောလမ်းလေးတွေ အကြောင်းပေါ့...။ရှင်ဘုရင်တွေ လက်ထက်က `နတ်တော်´ လို့ ခေါ်တဲ့ ယက္ခု နတ်တော် လမှာ ပေါ့ ...........၊ အရင်လို မိုးကောင်းကင်က ရှင်းသန့်  မနေပါဘူး မြူ....။ နှင်းပွင့်လေးတွေ ရဲ့ ဖြူစင်တဲ့ အရောင်ထုမှာ တစ်ခါတစ်လေ အဝေးက ကြည့်ရင် မှောင်နဲ့ မည်းမည်း ဖြစ်နေတတ်တယ်လေ...။ ငါ့ရဲ့ စွန် ပျံလေးကို အဖြူကနေ အ၀ါဆိုတဲ့ အရောင်ကို ပြောင်းလဲ လိုက်ချိန် မစ္စပီရဲ့ နွေဦးဆိုတာ စတင်ခဲ့ ပါပေါ့.။သည်လိုနဲ့ မန္တလေးဆောင်း ဆိုတာကို ရော့ကီး တောင်တန်းတွေရဲ့ ဆောင်းဦး ရာသိ ဖြစ်လို့ လာပြန်တယ်.။
ထိတ်လန့် မှုတွေ ကို မြိုချရင်း ငါ့ရဲ့စိတ်စွမ်းအားတွေ ကိုလည်း အကြိမ်ပေါင်းများစွာ ဖြုန်းတီးခဲ့ ပါရောလား...။အဆိုတော်တေါ ဆိုတဲ့ သီချင်းတွေ ထဲမှာတော့ ´နေတတ်ခဲ့ပြီ´ ဆိုတာ တစ်ခေတ်ဆန်း ခဲ့ ပေမယ့် ငါဆိုတဲ့ ကောင်ကတော့ ပုဒ်မတွေ ကြားမှာ နစ်မြုတ်ဆဲ........၊အသစ်အသစ်တွေ ရဲ့ ကြားမှာ ဟောင်နွမ်းဆွေးမြေ့ဆဲ.........၊ကဲ.........၊ ဘယ်မှာလဲ ငါ့ရဲ့ ဖြူစင်ပါတယ်ဆိုတဲ့ နှင်းမြူလေးတွေ..။
ဟိုး....အဝေးမှာ မိုးတွေ ရွာပြန်ပြီ `မြူ´...။တကယ်တော့ ကြယ်တွေ ကြွေနေတဲ့ ကောင်းကင်မှာ မြူဆိုတာ ကွယ်ပျောက်နေခဲ့ ရမှာဘဲ...။ရောင်နီလာရင်လည်း သေဆုံးသွားရမှာဘဲ...။ဟောသည့် လောကကြီးထဲမှာလည်း ငါ့ရဲ့ နှင်းမြူဆိုတာ ထာဝရ.....။......။.........။
Wednesday, November 21, 2007
အချစ်ဟောင်းသို့  အိတ်ဖွင့်ပေးစာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment