Saturday, November 17, 2007

အတွေးတစ်ခုရဲ့ ဆည်းဆာ



အတွေးတစ်ခုနဲ့ ရှင်သန်နေတဲ့ ကျတော်ရဲ့ ဆည်းဆာလေးတစ်ခုမှာပေါ့..။ဖဲကြိုးပြာတစ်စ လေလွင့်ခြင်းတေးတစ်ပုဒ် ကျတော့်ရှေ့မှာ ပြန့်ကျဲသွားခဲ့ ဖူးတယ်။...။တစ်မူထူးချွန်တဲ့ မယ်လိုဒီဆိုတာကို အဲသည့်အချိန်မှာမှ ကျတော်စသိခဲ့တာလေ။အချို့ကပြောတယ် ကျတော့ကိုပေါ့ သိတ်မထူးဆန်းပါဘူး ဒါဟာသဘာဝတဲ့..။သည်လိုဆိုတော့လည်း မဟုတ်သေးဘူးထင်တာဘဲ ကိုယ့်ကိုကိုယ်အသိဆုးံလို့ လူတိုင်းကပြောကြပေမယ့် ကျတော်လည်း လူသားတွေထဲက လူတစ်ယောက်ပဲလေ..။ကျတော့်သံစဉ်တွေ ခုန်ပေါက်ပြေးလွှား လူတွေရဲ့ အမြင်မှာ ကျတော်ဟာ ညစ်ကျယ်ကျယ် ကောင်လေးတစ်ယောက်များ ဖြစ်နေမလား။တစ်ခါတစ်လေတော့လည်း ဟိုမရောက်ဒီမရောက် အတွေးတစ်ချို့နဲ့ ကျတော့်ရဲ့ ညနေအတော်များများကို ကော်ဖီခါးခါးတွေနဲ့ မျောချခဲ့ဖုးတယ်..။ဆေးပြင်းလိပ်တိုလေးတွေရဲ့ ထန်းချုပ်မှုအောက်မှာ ဘယ်သူမျှမမြင်အောင် အလွမ်းတွေ သိမ်းထားခဲ့ဖူးတယ်...။တစ်ချိန်တုန်းက ဆုံဆည်းရာဆိုတာလည်း ခုတော့လူနေအိမ်တွေ ထူလပျစ်အောက်မှာ ပေါ်လောမြောနေတဲ့ လူသေတွေရဲ့ နားခိုရာများလားဘဲ...။လမ်းတွေထက်က ငွေလမင်းတွေ အဆီအငေါ်မတည့်ကြတာ ၊ပလက်ဖောင်းမင်းသားတွေ ကွယ်ပျောက်သွားရတာ ၊ ညညခွေးအူသံတွေ ကင်းစင်သွားရတာ သည်လို အဖြစ်အပျက်မျိုးတွေ ခုဘယ်နေရာမှာမှ မရှိတော့ဘူးလို့ အချို့ ကလည်း သမုတ်တတ်ကြသေးရဲ့..။ကဲလူ့ဘောင်လောက ဘာများမက်လောက်စရာရှိလို့လဲ..။နောက်ဆုံးတော့လည်း အားလုံးချုပ်ငြိမ်း သွားကြသူတွေထဲမှာ ကျတော်ပါဝင်ခဲ့တယ်လေ..။တကယ်တော့ကျတော်ဟာ ပလက်ဖောင်းမင်းသားလည်း မဟုတ်ပါဘူး..။နွေရဲ့လရောင်အောက်က ခပ်စုတ်စုတ် အ၀တ်ကြမ်းလေး တစ်ခုပါဘဲ..။အသုံးပြုသွားတဲ့ လုတွေကို နာကျည်းမှုတွေ ရှိခဲ့ဖူးပေမယ့်လို့ ကျတော်သူတို့ကို အပြစ်မြင်မှာမဟုတ်ပါဘူး..။တကယ်တော့ သူတို့ဟာလည်း အပြစ်ဆိုတာကို သိသူများမှ မဟုတ်တာ...။ကျတော်ဆိုတာလည်း ရာသိလီလီ ပြောင်းတဲ့ တဲအိုပျက်က ဖယောငိးတိုင် တစ်ချောင်းမှ မဟုတ်တာ..။သည့်တော့ ဘ၀ဆိုတဲ့ ကျတော့်ရဲ့မှတ်တိုင်တွေထဲမှာ နက္ခသစ်တစ်ခု ကျတော်ဖန်ဆင်းလိုက်တယ် ၊နောက် ပျော်ရွှင်မှု အပြည့်နဲ့ လောကရဲ့စီးပွားကို အများသွားရည်ယိုအောင် ကျတော်ရဲ့ မူပိုင် အင်ပါယာအဖြစ် ထူထောင်လိုက်တော့တာပေါ့......။......။......။

No comments:

Related Posts with Thumbnails