ဇင်ယော်မျက်ခုံး နေလောက်ပြုံးဝေး
ကျော့ရှင်းလည်တိုင် ဖွံ့ထွားပျိုမြစ်
ချစ်ရည်လူးလူး မျက်ဝန်းညိုကို
ယုယပိုက်ထွေး ချစ်သ၀ဏ်တက်
ပယ်ချချိန်တိုင်း စိတ်မပျက်တတ်ပါဘူးခင်...။
ဝင်းဝါညွှတ်သား မြိတ်ဆံပါးမို့
မြင်သူရှုငေး ရွရွခြေလှမ်း
ဖွဲ့ဝေခွေဆင်း ဓနဂုဏ်တင့်
သူ့အဆင်းကို ပန်းမြတ်အလား
ချီးမြှေက်ကြသည် ကျောင်းဘုရင်မမည်....။
ငချွှတ်ငပါး နိမ့်ကျသူ့သား
ပညာညဏ်မဲ့ လေလွင့်ကျက်စား
ရောင်စင်းကင်းမဲ့ လူ့ငနွားကို
ကြိမ်ဖန်ရှူံးပြေး တံတွေးထပ်ထပ်
ဖယ်ရှောင်ဝေးသူ ချစ်ရသူပျို
နာကျဉ်းခံခက် လေမသာခဲ့လည်း
အမောင်ဘယ်သို့ မုန်းမေ့နိုင်.........၊........။
Tuesday, October 28, 2008
ပန်းတို့အရှင် သစ်ခွ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment