Saturday, October 4, 2008

ကဗျာထဲမှာ ရင်ခုန်သော သူ


သီချင်းတွေထဲမှာ ၊ ဗီဒီယိုတွေထဲမှာ

ကဗျာတွေထဲမှာ ၊ ၀တ္တုတွေထဲမှာ

မြင်မြင်သမျှ ကြားကြားသမျှ

မော်ဒန်ဆိုတာတွေ ထဲမှာ ….။



အိမ်မက်ထဲမှာ ၊ ပတ်ဝန်းကျင်ထဲမှာ

မိသားစုထဲမှာ ၊အနာဂတ်ထဲမှာ

ကြုံဆုံနေရသမျှ ဘ၀ဆိုတာထဲမှာ

ဘလော့ဂါတွေထဲမှာ……….။



မကြားချင် အဆုံး…..

မမြင်ချင် အဆုံး…..

မပြောချင် အဆုံး…..

အချစ်ဆုံး ဆိုတာတွေ…..

အမြတ်နိုးဆုံး ဆိုတာတွေ…..

အတမ်းတဆုံး ဆိုတာတွေ…..

ဗုန်းဘောလအော မွစာကျဲနေတယ်။ ။ ။



အင်တာနက်ထဲမှာ ကြူကြူကိုမသိသူမရှိဘူး

ဘလော့ထဲမှာလည်း အချစ်နဲ့ကင်းသူမရှိဘူး

ဆွယ်တော်ဆိုတာ ကဗျာဆရာတွေရဲ့လက်ကိုင်တုတ်

သစ်ပုဒ်ပင်နဲ့ဦးပိန် လူတိုင်းသိတယ်…

အင်းလျားနဲ့အောင်ပင်လယ် လူတိုင်းသိတယ်…

ရွှေတိဂုံနဲ့မဟာမြတ်မုနိ လူတိုင်းသိတယ်…

ဘယ်သူမှမသိနိုင်တာက နင်နဲ့ငါ့အကြောင်း

နားလည်နိုင်ခွင့်မဲ့နေတာက နှလုံးသားတွေရဲ့အကြောင်း

ဆန္ဒနဲ့မျှော်လင့်ချက်တွေ ………………၊အကွပ်မဲ့ဆိုတာထပ်ဖြစ်မလာခင်

ရင်ခုန်သံကိုချိတ်ပိတ်……………………..၊

အသည်းကွဲခြင်းရဲ့အဝေး…………………၊

တိတ်တိတ်ကလေးဘဲ နေလိုက်တော့မယ်….၊….၊…။ ။

1 comment:

လင်းဦး(စိတ်ပညာ) said...

ဆန္ဒနဲ့မျှော်လင့်ချက်တွေ ………………၊အကွပ်မဲ့ဆိုတာထပ်ဖြစ်မလာခင်

ရင်ခုန်သံကိုချိတ်ပိတ်……………………..၊

အသည်းကွဲခြင်းရဲ့အဝေး…………………၊

တိတ်တိတ်ကလေးဘဲ နေလိုက်တော့မယ်ဗျို့ ။
အဟဲ တော်တော်လေးကောင်းတယ်ဗျ

Related Posts with Thumbnails