Wednesday, September 3, 2008

အတွေးအမြင်

ဘာအကြောင်းတွေများ ရေးရပါ့မလဲ..၊တစ်ခါတစ်လေ စဉ်းစားလိုက်ရတာ။အမှန်တော့ ရေးမယ်ဆိုလျှင်ဖြင့် ရေးစရာတွေ တစ်ပုံတစ်ပင်ရယ် ကုန်တောင်ကုန်မှာ မဟုတ်ဘူး…။ဒါပေမယ့် ကျတော်တွေးမိတာက စာဖတ်သူတွေအတွက် အတွေးလေးတွေလည်း ပေးနိုင်မယ်၊ သူတို့တစ်တွေရဲ့ အနာဂတ်မှာ အထောက်အကူလေးတွေလည်း ပေးနိုင်မယ့် စာမျိုးကိုရေးချင်နေမိတာ..။ဒါနဲ့ လိုင်းပေါ်မှာ ဖြစ်နေကျ ကိစ္စလေးတွေထဲကမှ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံပုံ ဆက်ဆံနည်း ၊တစ်နည်းဆိုရလျှင်ဖြင့် လူတိုင်းဖြင့် တည့်အောင် ပေါင်းနည်းလို့ဘဲ အလွယ်ဆိုကြပါစို့…။လူတိုင်းနဲ့တည့်အောင် ပေါင်းနည်းဆိုတာကို ရေးမိလို့ ဒီကောင်တော်တော် လေကျယ်တာဘဲလို့ ထင်ကောင်းထင်ကြမှာဘဲ..။လူ့စိတ်ဆိုတာလဲ ပြောရခက်တယ်မဟုတ်လား..၊ခုဒီစာကို ဖတ်နေမိတဲ့ အချိန်မှာတောင်မှ ဘာကောင်လဲဟ ကြောင်လှချေလား၊ ဒါမှမဟုတ်လည်း ဘာတွေလျှောက်ရေး နေမှန်းလည်း မသိဘူး ၊ ဒီကောင်လေး တွေးတတ်သားဘဲ၊စသည်ဖြင့်ပေါ့လေ တောင်စဉ်မရတဲ့ အတွေးတွေ ဖြစ်ပေါ်ကောင်း ဖြစ်နေမိမှာ အမှန်ဘဲ ။ဒါပေမယ့်လည်း အဲလိုတွေးတယ်ဆိုရာမှာ ညစ်ညမ်းတဲ့ အတွေးကို ဦးစားပေးမှာလား ကောင်းသောအတွေကို စဉ်းစားမှာလား ဘာကိုပစားပေးမှာလဲ။ အတွေးဆိုတာမှာလည်း ကောင်းနဲ့ အဆိုးဆိုတာ ရှိတာဘဲလေ။အခု တင်ပြမယ့် အကြောင်းရင်းကတော့ လူတိုင်းပြောပြောနေကြတဲ့ တွေးခြင်း(၀ါ) အတွေးပါဘဲ။
ဒီမှာတစ်ခု ဖြတ်ပြောလိုတာက ညစ်ညမ်းတဲ့ အတွေးဆိုတာ ဘာလဲဆိုတာနဲ့ ကောင်းသောတွေးခြင်းဆိုတဲ့ အဓိပ္ပါယ်ကို တိတိပပ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ လူအများစု စာဖတ်သူတို့လည်း ကြုံကောင်းကြုံဖူးကြမှာပါ။ ဘာလဲဆိုတော့ ကိုယ်ပြောပြတဲ့ အကြောင်းခြင်းရာကို နားထောင် သူဘက်က မယုံကြည်နိုင်ခြင်း ဆိုတာပါဘဲ..။ဘယ်လိုရှင်းရပြရှင်းပြ မရဘူး.၊မယုံကြည်ဘူး ၊ လက်မခံနိုင်ဘူး။ ဒီလို အဖြစ်မျိုး လိုင်းပေါ်မှာတင်မှ မဟုတ်ပါဘူး၊ နေရာတိုင်းနေရာတိုင်း လုပ်ငန်းခွင်၊ မိသားစု ။ပတ်ဝန်းကျင် စတဲ့ နေရာ အတော်များများမှာ ကြုံဆုံဖူးကြ တယ်မဟုတ်လား..။လူတိုင်း ဖြစ်နေကျမို့ မထူးဆန်း သယောင်ယောင်လို့လည်း ဆိုနိုင်ပါရဲ့။ ဒါပေမယ့်လည်း အဲလိုမျိုးလေးတွေ ဖြစ်တည်လာကြရတာ ဘာကြောင့်လဲ၊ ဘာလို့ အဲဒီ့လို မယုံကြည်မှု (Suspect)တွေ ဖြစ်နေကြရသလဲ ဆိုတဲ့ အကြောင်းကို ဘယ်နှစ်ခါများ တွေးမိကြပါသလဲ..။စဉ်းစားကြည့်နော်..၊သူကတော့ဖြင့် အဲလို မကောင်းတဲ့ စိတ်ရှိတယ်။ ဘယ်သူကတော့ ဖြင့် ဘယ်လိုလူမျိုး စတဲ့မှတ်ချက်တွေ မှတ်ချတ်တွေ။ ကဲ ဒီမှာလာပါပြီ မေးခွန်းက `ကိုယ်ကိုတိုင်ကော ငါဘယ်လိုလူလဲ၊ ငါဘယ်တုန်းက ဘယ်သူ့ကို မကောင်းတာတွေ လုပ်ခဲ့ဖူးသလား မလုပ်ခဲ့ ဘူးလား၊ ငါ့စိတ်ဓာတ်ကလေး ကောင်းနေလား ညံ့ဖျင်းနေလား ၊သူများတွေ ကောင်းအောင် ငါဘယ်နှစ်ခါများ လုပ်ပေးခဲ့မိလဲ´ စတဲ့ မေးခွန်းတွေ ကိုယ့်စိတ်ကို အဲလို ပြန်မေးဖူး ကြပါရဲ့လား..။ရှားတယ်နော်၊ အမြဲတမ်းတော့ မဟုတ်ဘူး တစ်ခါတစ်လေတော့လည်း မေးမိတယ် ဆိုတာဘဲ ရှိမယ်။ ဒီလိုမေးမြန်းတာနဲ့ စောနကပြောတဲ့ တစ်ဦးနှင့်တစ်ဥိး မယုံကြည်မှု ဘယ်လိုများ ဆက်စပ်လို့လဲလို့ တွေးကောင်းတွေးနိုင်တယ်။ သိတ်ကို ဆက်စပ်နေ တော့တာပေါ့၊ ဘာကြောင့်ဆို ဒါဟာ အဓိက အကြောင်းရင်းခံ ဖြစ်နေလို့ပါဘဲ..။ဥပမာ တစ်ခု ဆိုကြပါစို့၊ မှန်တစ်ချပ်ရှေ့မှာ ရပ်မယ် ပြုံးမယ်။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်အရှိပ်ကလဲ ကိုယ်ပြုံးသလို လိုက်ပြုံးမှာဘဲ။ ကိုယ်မဲ့ရင် သူလည်းလိုက် မဲ့မှာဘဲ..။ဒါဘယ်သူမှ ပြုပြင်လို့မရတဲ့ သဘာဝတရား။ ကိုယ်နဲ့ ချက်တင်ထိုင်တဲ့ သူ၊ကိုယ်နဲ့ ပတ်သတ်နေတဲ့သူ ကိုယ့်ပတ်ဝန်းကျင် မှာရှိတဲ့ သူတိုင်းဟာလည်း ဒီသဘောတရား အတိုင်းပါဘဲ။ စာဖတ်သူတွေ အနေနဲ့ အထူးအထွေ ရှင်းပြစရာမလိုအောင် နားလည်နိုင်ကြမယ်လို့ ကျတော်ထင်ပါတယ်။
အဓိက တင်ပြချင်တာက ကိုယ့်ရဲ့ စိတ်ကလေးတွေကို အချိန်တိုင်း အချိန်တိုင်း အားနေတဲ့ အချိန်တိုင်းမှာ သတိဆိုတာလေးတွေ ရှိနေစေချင်တယ်။ သတိဆိုလို့ ကိုယ့်ကို သူတစ်ပါး ချောက်တွန်းတာကို သိနေဖို့ မဟုတ်ပါဘူး. ။ ငါ့စိတ်ကောင်းနေလား မကောင်းတာကိုများ တွေးနေသလား။ တစ်စုံတစ်ခု ပြောတော့မယ် ဆိုရင် သူများစိတ်ချမ်းသာအောင် ဘယ်လိုပြောမလဲ။။ မြှောက်ပင့်ဖို့ကို မဆိုလိုပါဘူး..။ ဘာလို့ အဲလို သိနေစေချင်ရတာလဲ ၊ အဖြေကရှင်းပါတယ်။ကိုယ်က သူ့အပေါ်မှာ ယုံကြည်တယ်၊ သံသယဆိုတာတွေ မရှိဘူး ဆိုမှတော့ သူ့ဘက်ကလည်း ဒီလိုဘဲ တုံ့ပြန်မှာဘဲ။ ဘယ်လောက်ဘဲ ဆိုးသွမ်းတဲ့သူ ဘယ်လောက်ဘဲ ဥာဏ်မရှိတဲ့သူ ဖြစ်ပါစေ..၊ကိုယ်က သိတ်ကိုတည် ငြိမ်နေရင်၊ သိတ်ကို စိတ်ထားဖြူစင်နေရင် သူ့ဘက်ကလည်း အလားတူမဟုတ်တောင် အနည်းငယ်တော့ ပြန်လည်တုံ့ပြန်မှာပါ..။မယုံဘူးဆိုလျှင် လက်တွေ့ စမ်းသပ်လိုက်ကြပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်ကြရတယ် ဆိုရင်လည်း ကိုယ်ကကိုယ့်စိတ်ကို လိုက်သိနေမယ်၊ ဒေါသဖြစ်လာရင်လည်း သိနေမယ် ၊ စိတ်ထဲမှာတင်းပြီး တစ်ကိုယ်လုံး ပူထူလာတာတွေကအစ သိနေမယ်၊ ပြောနေတာတောင် ကြာချင်ကြာနေလိမ့်ဦးမယ် တကယ်ဖြစ်လာပြီဆိုရင်တောင် အဲလောက်မကြာနိုင်ဘူး သူ့ဘက်ကခိုက်ရန်ပြုချင်တဲ့စိတ်ရှိနေရင်တောင် ကိုယ်ကဘာမှမတုံ့ပြန်ဘဲ သူပြောသမျှကို လိုက်နာနေလိုက်ရင် ဘာမှမဟုတ်ရင်တောင် ပြောနေတဲ့ အရှိန်တန့်သွားမှာဘဲ…။ဒီအချိန်ကျမှ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်စေချင်တာတွေကို တင်ပြသင့်တယ်..။သူကလည်း မလျှော့ ကိုယ်ကလည်း နောက်ဆဆုတ်ဘူးဆိုရင် စိတ်ထောင်းလို့ ကိုယ်ကြေဆိုတာဘဲ ဖြစ်နေမှာ..။နောက်ဆုံးဘယ်လိုမှ ဆက်ဆံဖို့ မလွယ်တဲ့ သူဆိုရင်တော့ အဝေးဆုံးသာ ရှောင်လိုက်တော့၊ ဒီ့ထက်ကောင်းတဲ့ ပြုမူချက် ရှိမှာမဟုတ်ဘူး..။အဓိကကတော့ ပုစ္ဆာတိုင်းရဲ့နောက်မှညာ အဖြေဆိုတာရှိသလို ပြဿတိုင်းမှာလည်း စိတ်ထားတတ်ဖို့သာ လိုပါတယ်..။ဒါကြောင့် ထားနိုင်သရွေ့ စိတ်ကောင်းနှလုံးကောင်း ထားနိုင်ကြပါစေ..။ကိုယ်တတ်နိုင်သမျှ ကာလပတ်လုံး ကိုယ်နဲ့ပတ်သတ်သမျှ သတ္တ၀ါတိုင်း အပေါ်မှာ စိတ်ထားဖြူစင်နိုင်ပါစေ။ ဒီဆောင်းပါးကို ရေးရတဲ့အတွက် ဖတ်မိသော ဖတ်လျက်ရှိသော ဘလော့ဂါ အပေါင်း ကိုယ့်စိတ်ကို ကိုယ်စစ်နိုင်ကြပြီး မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်များ ၊ငြိမ်းချမ်းသော ဘ၀ကို ပိုင်ဆိုင်သူများ အပြုသဘော ဆောင်နိုင်သူများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းရင်း တိုက်တွန်းအပ်ပါတယ်…။

မှတ်ချက်။ ။စာရေးသူ အနေနဲ့လည်း `ကိုယ့်စိတ်ကို စစ်ခြင်း´ ဆိုတာကို အမြဲတမ်း လုပ်ဆောင် နိုင်သူတစ်ယောက် မဟုတ်ပါ..။အမြဲတမ်း ပြုမူနိုင်အောင် ကြိုးစား နေသူတစ်ဦး သာ ဖြစ်ပါကြောင်း…………………..။
စကားကြွင်း။ ။ အထက်ပါ ဆောင်းပါးနှင့် ပတ်သတ်၍ု အမြင်မရှင်းသူများ ၊ဘ၀င်မကျသူများ နှင့် အကြံပေးလိုသူများ ရှိပါက ဘေးတွင်ဖော်ပြထားသော ကျတော် ၏ ဆက်သွယ်ရန် လိပ်စာတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်ပါကြောင်း….။

1 comment:

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R said...

comment မှာ ဆွေးနွေးခွင့်မပေးတာက ဘာကြောင့်လဲမသိဘူး။

Related Posts with Thumbnails