Wednesday, May 7, 2008

လွဲချော်ခဲ့တဲ့ နေ့ရက်များ

စိတ်မစဉ်မပြေတဲ့ တစ်ခဏမှာ
နားလည်မှုတွေဟာ မသင့်မြတ်တဲ့အပြင်
ဘယ်ဆီသဝှေထိုးနေ သလဲ
ဆိုတာကို...၊
ငါတို့နှစ်ယောက်
မရိပ်မိခဲ့ ကြဘူး.............။

အဲ့သလို......၊
ပြောပြောဆိုဆိုနဲ့
တစ်ယောက်ရဲ့စကား မဆုံးခင်မှာဘဲ
အပြစ်တွေသာ
ဆက်တိုက်တင်ခံခဲ့ရတဲ့
ငါ့ရဲ့ဒုက္ခတွေဟာ
ကြောက်ခမန်းလိလိပါဘဲ....။

ပြီတော့....၊
ဖြေရှင်းချက်ဆိုတဲ့
တစ်ချို့ကိစ္စတွေဟာ
ဘေးမဲ့ပေးခံခဲ့ရတဲ့
အမည်တွေသာ ရှိပြီး
ငါ့ရဲ့နေ့စွဲတွေသာ
ပျောက်နေတတ်ပါတယ်....။

သူမ...၊အိပ်ပျော်နေပြီလား
ငါ..၊မသိခြင်းများစွာနဲ့..............။...........။

No comments:

Related Posts with Thumbnails