Wednesday, May 7, 2008

နှောင်ကြိုး

နှလုံးသားကစေစား အချစ်သင့်ရာမျောမိတော့မှ
မုသားတွေသာ ဖြစ်ခဲ့ရတာပေါ့
အနာဂတ်လမ်း ခတ်ဝါးဝါးမှာ
ပျက်သုဏ်းဆဲ အိမ်မက်တွေ.....၊
လျှောက်လှမ်းဆဲ အတွေးတွေ...........၊
မပြီးဆုံးသေးတဲ့ ပန်းချီကားတွေ.......၊
အရောင်မှိန်နေတဲ့ ဓာတ်ပုံတွေ......၊
ဒိုင်ယာရီထဲက လက်ရေးတွေ....၊
အပြည့်...၊ အပြည့်ဘဲ...........၊.........။


ရှေ့နဲ့နောက် ဗလာအတိငါလူသား
ခြေနဲ့လက် ရုန်းကန်မြဲသွေးသားများ
ဘ၀တွေက မတူညီကြဘူး
ပန်းခင်းတွေက မဝေဆာတော့ဘူး
အချစ်တွေက မရေရာတော့ဘူး
အသည်းကွဲတယ်ဆိုတာလဲ မထူးဆန်းတော့ပါဘူး....။

ငါ့....၊လပြည့်ညတွေ ပျက်သူဏ်း
ည...၊ဆိုင်ကလုန်း ၀င်သွားတယ်
`မြူ´...၊ဆိုတာ လမင်းနဲ့ပင်လယ်
ရင်ဘတ်ထဲက ရထားတစ်စင်း
ဆောင်းနံနက်တိုင်း ခုတ်မောင်းမြဲ....၊...........၊........။

No comments:

Related Posts with Thumbnails