အချစ် တမ်းမက်တဲ့လူတစ်ယောက်နဲ့ 
အချစ် မှန်းရခက်တဲ့ လူနှစ်ယောက်ကြား
မျဉ်းပြိုင်နှစ်ကြောင်းသာသာ ငါ့ရင်မချိတယ်
ခုချိန်ထိလွမ်းဆဲ တွေဝေနောက်တွန့်ဆဲ
ကဲဘယ်မှာလဲ သိပ်ချစ်တဲ့အကြောင်းတွေ..။
ခုကံကြမ္မာတစ်ပတ် လှည့်စားပြန်တော့လည်း
နာကျင်ဖူးတဲ့ ဒဏ်ရာဟောင်းမို့ 
ဘယ်သူကရော သနားမှာတဲ့လဲ
ဟင့်အင်း ဘေးလူကူတာကို ငါမလိုချင်ပေမယ့်
ငေးငိုင်သူကို ဖေးကူသူတော့ငါဖြစ်ချင်သေးတယ်..။
ယူအာဗျူးတီးဖူးဆိုတဲ့ သီချင်းလေးလိုဘဲလား
ငါဆိုတဲ့ကောင်ဟာ အဲဒီ့ထဲကကောင်လေးလိုဖြစ်နေပြီလား
မေးခွန်းတွေ အဖြေဆိုတာဖြစ်မလာသေးခင်
မင်းကိုငါချစ်တဲ့အကြောင်းတွေ ဖွင့်မပြောဖြစ်သေးခင်
မင်းငါ့အနားမှာ အရိပ်တစ်ခုတောင် မထားခဲ့ပါဘူး........။
ကြာခဲ့ပါပြီ ငါမင်းနဲ့ရင်းနှီးခဲ့တာ
ကြာခဲ့ပါပြီ ငါမင်းကိုချစ်ခဲ့မိတာ
ကြာခဲ့ပါပြီ ငါမင်းနဲ့ မတွေ့ ဆုံဖြစ်တာ
မင်းကိုလွမ်းတိုင်း ငါရေးတဲ့ကဗျာတွေ
မင်းကိုတွေ့ တိုင်း ငါသုံးခဲ့တဲ့စကားလုံးတွေ
ငါ့ကြောင့်မဟုတ်ဘဲ အသည်းကွဲခဲ့တဲ့မင်းကို
ငါဘယ်လို ဖြေသိမ့်ပေးရမှာလဲ.........။
နောက်လဆို အတာကူးတော့မှာ
ကံ့ကော်ပန်းတွေ ဝေေ၀ဆာသလို
ငါ့ရင်မှာ အချစ်ပန်းတွေကြိုင်လှိုင်ဆဲဘဲမို့ 
မုန်းသော်ကမုန်း ရှုံးသော်ကရှုံးပါစေတော့
ရုံးပြင်ရောက်အောင် ဦးတိုက်လျှောက်တော့မယ်
ပြုံးနေတဲ့ ကြယ်တစ်ပွင့်ရေ
နင့်ကိုငါ ဟိုး ၊အရင်ကထက်ပိုချစ်တယ်..................။
Tuesday, April 1, 2008
``အချစ်အကြောင်း´´
Subscribe to:
Post Comments (Atom)

No comments:
Post a Comment