Tuesday, April 1, 2008

အချိန်ရဲ့တိုက်စားမှုတွေကြောင့် နလုံးသားတွေလည်း
ဟောင်းနွမ်းနေခဲ့ ရပြီလေ
နိုးထခွင့်ဆိုတာ မလိုချင်တဲ့သူမှမရှိတာ
သို့သော်...၊ဘ၀တွေက
ကော်ဖီတစ်ခွက်ထက် ခါးသက်ခဲ့
ငါ့ရင်ခွင်လည်း သော့ခတ်ထားခဲ့မိတာ ကြာပေါ့...။

အိမ်ကိုလွမ်းတဲ့ညတွေ
အနာဂတ်မဲ့နေတဲ့ မျှော်လင့်ချက်တွေ
ဒဏ်ခတ်ထားခဲ့မိတဲ့ ကိုယ်တွင်းကျော်ဖြစ်ရုပ်ကြွင်းတွေ
ပျက်ချိန်ကျော်ပါလျက် မစွန့်လွှတ်နိုင်တဲ့
အမှတ်တရ ပစ္စည်းကလေးတွေ
ဘာမျှတော့ မဆိုင်ပါဘူး
လွမ်းတယ်....။

စုတ်သထက်စုတ် ဝေးသထက်သာဝေးလာတယ်
ပြင်ပကမ္ဘာမှာ မှောင်အတိဖုံးဆဲ
ပိုနေမြဲ ကျာနေမြဲမို့
ခရောင်းလမ်းက တစ်ဖြည်းဖြည်းနဲ့ကြမ်းလာတယ်
ဓားတောင်တွေ နေရာအနှံ တင်းကြမ်းဖြစ်လာတယ်
အစကတည်းကမှ မမှန်ဘဲ ခုတော့
အိမ်ပြန်နိုင်ဖို့တောင် လမ်းဆိုတာမရှိနိုင်တော့
ဒီ့အတွက်လည်း လွမ်းတယ်........။

ခုချိန်မှာ အောင်သွယ်တော်တွေကို မုန်းတယ်
ခုချိန်မှာ အထင်ကရ ပွဲစားဆိုတာတွေကို မုန်းတယ်
ချစ်ရမဲ့သူတွေကို မုန်းတယ်
ချစ်ခဲ့တဲ့သူတွေကိုလည်း မုန်းတယ်
အနာဂတ်ဆိုတာကိုလည်း မုန်းတယ်
လွမ်းတာတွေ မုန်းတာတွေရဲ့ကြား
ချစ်ခဲ့ရခြင်းရဲ့ ညီမျှချင်းက
ဘာလဲ.......?........?.........?

No comments:

Related Posts with Thumbnails