
အကြင်နာတရားခေါင်းပါးလွန်းသူလို့ ဆိုချင်လည်းဆိုပါစေတော့...။မမြင်ရတဲ့ အနာဂတ်အတွက် တို့ တွေဆွေးနေကြတယ်လို့ ဘဲမှတ်ယူထားတာ အကောင်းဆုံးမဟုတ်လား......။ချစ်သူလို့ ခေါ်ဆိုခဲ့ ရာမှာ အပေါ်ယံ
ကကြိုးတွေ နဲ့ တော့ဘယ်ကခြေသည်မျှ ပွဲပြီးတဲ့ အထိကလိမ့်မယ်မထင်မိပါဘူး..။ဒါပေမယ့် ချစ်သူမင်း ကခုန်သွားခဲ့ တယ်..။နှလုံးသားတစ်ထောင့်မှာတဲ့ ဘယ်သူကရောသိမှာတဲ့လဲ..။ငါ့နှလုံးသားတစ်နေရာက ရင်ခုန်သံခပ်တိုးတိုးတွေနဲ့ မှန်ဝါးဝါးညတစ်ချို့..။နောက်ကျွမ်းလောင်ဆဲ ဆေးလိပ်တိုတွေရဲ့ ခပ်တိုးတိုး အော်ညီးသံတွေရဲ့ အဆုံး ဘယ်သူမျှမသိအောင်တိတ်တိတ်ကလေးပေါ့ “လေးဖြူ”ကနောက်ဆဆုံးရထားကိုဆိုတယ်..။ငါကတော့ ဘယ်သူမျှမသိအောင်ကိုဘဲ အသည်းကွဲနေခဲ့မိတယ်...။ချစ်သူ ငါမှားသလားကွာတကယ်တော့ငါလည်းမင်းလိုပါဘဲ အသည်းကွဲတဲ့ညတစ်ညကို မည်သူမျှခံစားတတ်မှာမဟုတ်ဘူးလေ..။ဒီလိုနဲ့ ငါ့ရဲ့ညတွေ အတော်များများမှာ နှင်းမြူတွေအုပ်ဆိုင်း ဂစ်တာအိုလည်းး အရင်လို ဒေါင်ဒင်မမြည်တော့တာကြာပေါ့..။အတွေးတစ်ခုရဲ့ အဆုံး အိမ်မက်အချို့  ဟိုဒီခုန်ပေါက်ရင်းငါမင်းကို ချစ်သူတစ်ယောက်အဖြစ် နံပတ်တစ်ခု ပေးထားခဲ့ဖူးတယ်..။နာရိလက်တံတွေကိုရေတွက်ရင်း ငါမင်းကိုပျော်ရွှင်မှု အချို့ ပေးခဲ့ဖူးတယ်....။ဘဘယ်သူသိမှာတဲ့ လဲ မမြင်ရတဲ့ အနာဂတ်ဆိုတာကို..။ဟိုးဝေးဝေးတစ်နေရာက ငွေကြယ်ပွင့်တွေ ရဲ့ အဆုံးမှာ မင်းများရှိလေမလား...။ငါမသိဘူးနော်..ဒါပေမယ့် ငါမင်းကိုတမ်းတဆဲ ချစ်သူ..။မမြင်ရတဲ့ မှောင်မိုက်ညတွေထဲမှာလည်း ငါမင်းကိုရှာဖွေနေဆဲ...၊စာအုပ်ဟောင်းဆိုင
်လေးကိုလည်း အချန်တိုင်းရောက်ဆဲ...။ ခပ်ပြင်းပြင်း " DUNO " ဆိုတာကိုလည်း နှစ်နစ်ချိုက်ချိုက်ကို စွဲလန်းနေခဲ့မိပြီ..။ချစ်သူ ကိတစ်ခုဆိုရာမှာ ထားရှိသူတွေအတွက်ဘယ်လောက်ပင်တာဝန်ကျေပါစေ
၊တို့တွေ တစ်ခုကိုတော့ ပေါ့ ပျက်ပျက် သဘောထားခဲ့မိကြပြီ..။ဟောသည့် ကမ္ဘာမှာ ဘယ်သက်ရှိမျှ
ရှောင်လွှဲလို့ မရတဲ့ သေခြင်းတရားဆိုတာ ကိုပေါ့..။ချစ်သူ မင်းနဲ့  ငါ့ ရဲ့ တည်မြဲခြင်းကတိတရားတွေ ခုဘယ်ရောက်ကုန်ပြီလဲမသိဘူးနော်..။ကျေးဇူးပြုပြီတောင်းပန်ပါတယ်ကွာ...။မင်း
ဘယ်သူမျှမသိအောင်ထွက်ခွာ သွားခဲ့ သလို ဘယ်သူမျှမသိအောင်တော့ မင်းပြန်လာလို့ မရတော့ဘူးမဟုတ်လား...။။ဒါပေမယ့် ငါကတော့ ဘယ်သူမျှမသိအောင်ကိုဘဲ မင်းကို တမ်းတနေမယ်...၊ဘယ်သူမျှမသိအောင်ကိုဘဲ မင်းအတွက် နည်းလမ်းူသစ်တွေ ဆက်လက်ရှာဖွေပေးနေမယ်....၊ဘယ်သူမျှမသိအောင်ကို ဘဲ မင်းနဲ့ အတူ DUNO တွေထပ်ဆင့် သောက်နေမယ်...၊နောက်ဆုံးကွာ ခုလက်ရှိမှာ တို့ တွေ ခဏတာ ဝေးကွာနေတယ်ဆိုတဲ့ အတွေး ကလွဲရင်ကျန်တာအားလုံး မင်းအတွက် ကျန်တာအားလုံး အရာရာဟာ မင်းအတွက်ပေါ့ချစ်သူ...။ငါ့ရဲ့ ချစ်သူလေးရေ နောင်ဘ၀ဆိုတာသာ ရှိခဲ့ မယ်ဆိုရင်ပေါ့ ငါမင်းနဲ့  အတူပျော်ရွှင်ချင်ပါသေးရဲ့......။.......။...........။
Sunday, November 4, 2007
စိတ်အစာ(သို့ ) တမ်းခြင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment