ဟိုနေ့ ကမိတ်ဆွေတစ်ယောက်နဲ့ လမ်းကြောင်းသစ် တစ်ခုကို လှမ်းမိချိန်မှာပေါ့...။ မိတ်ဆွေက ပြောပြတာလေးတစ်ခုကို အမှတ်ရမိပါသေးတယ်..။ မိတ်ဆွေကပြောတယ် “ထမ္မင်းစားပြီးပြီလား” တဲ့..။ဒါလူတိုင်းပြောနေကျ စကားလေးတစ်ခွန်း ဟုတ်တယ်မဟုတ်လား..။ အဲလိုဘဲ ကျတော်တွေးမိတာ ရှိသေးတယ်..။သည်နေရာမှာ မိတ်ဆွေက ဘာလို့ ဒီလိုပြောရတာလဲ....အမှန်ဆို “စားပါဦးလား” လို့ မေးရမှာပေါ့..နော့်..။စဉ်းစားကြည့်လေ ဘာလို့လဲဆိုတော့ ကျတော့် မိတ်ဆွေက တစ်ခုခုစားနေရင်း ပြောသွားတာ..။အဲဒါနဲ့ ကျတော်အတော်လေး သည်အသုန်းအနှုန်းကို စဉ်းစားမိသွားတယ်..။ စားသောက်နေရင်းပြောကြတဲ့ စကားလေးတွေကိုပေါ့...။ဘာကြောင့် စားပါဦးလား လို့မပြောဘဲ..၊စားပြီးပြီလား လို့ ပြောရတာလဲ..။နောက်တစ်ချက်က သည်လိုပြောဆိုချိန်မှာ အဲသည့်လူကရော တကယ်စားပြီးပြီလား...။ဒါမှမဟုတ် စားနေဆဲဘဲလား...။ကျတော်ကိုယ်တိုင်ရော ဘာတွေထူးထူးခြားခြား စားသောက်ပြီး သုံးနှုန်းနေပါသလဲ...။စားစောက်နေချိန်မှာရော ဘာတွေများ သုံးစွဲနေသေးလဲ..။အဲလိုသာ အမှားတွေကို အမှန်တွေပါလို့ ဘယ်သူကရော လက်ကိုင်တုတ် ပြုလုပ်နေပါသလဲ..။သည်လိုလူတွေထဲမှာ ကျတော်များပါနေမလား..ဟင့်အင်းပါလောက်ဘူး ထင်တာဘဲလေ..။ကိုယ့်ကိုကိုယ် တကယ်သိတဲ့သူ လောကမှာ တကယ်ရှားတယ် ဟုတ်တယ်ဟုတ်...။သြော် မေ့တော့မလို့ ပြောချင်တာလေးတွေ ရှိနေသေးတယ်...။ကျတော် အိမ်ကိုပြန်ရောက်ချိန်ပေါ့လေ...အခန်းဖော်ကိုကျတော် ပြန်ပြောပြမိတယ်..၊စောစောက ကျတော်တွေးမိတဲ့ အကြောင်းအရာလေးတွေ ကိုပေါ့ အဲသည့်အချိန်မှာဘဲ အခန်းဖော်က ဘာပြောတယ်မှတ်သလဲ...။“ကျတော်တော့ မစားရသေဘူး ခင်ဗျားရော စားပြီးပြီလား ” တဲ့...။
မှတ်ချက်။....။ တလောက မြစ်ကောက် နဲ့ ဆုံတုန်း လေးပြောမိရာက သည်post ကိုတွေးမိခြင်းဖြင့် ဖန်တီးလိုက်ရပါကြောင်း......။
Thursday, November 1, 2007
ကျတော်တွေးတဲ့ ကျတော့် ရဲ့ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment