Wednesday, January 7, 2009

အားလုံးကို နှုတ်ဆက်ဲ့ပါတယ်

ရင်ထဲမှာ ရည်မှန်းခဲ့တာတွေ မျှော်လင့်ခဲ့တာတွေ ဘယ်လောက်ဘဲ ရှိခဲ့ပါစေ..၊ အချိန်တန်လာပြီ ဆိုရင်တော့ အားလုံးသော လူတွေရဲ့ နှုတ်ဖျားမှာ နောက်ဆုံး ဆိုတာကိုတော့ ပြောကြရတာပါဘဲ..။ အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြဆုံကြ ၊ ကွေကွင်းကြရပေမယ့် ဘလော့ဂါအပေါင်းရဲ့ နှလုံးသား အစိတ်အပိုင်း (၀ါ) ရင်ဖွင့်ရာ လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီနေရာလေးကို တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ (second life) ပေါ့လေ..။ နောက်ဆုံး ဆိုတဲ့ စကားတစ်ခွန်းနဲ့ အားလုံးကိုကျောခိုင်း သွားကြတဲ့ ဘလော့ဂါတွေ ဒုနဲ့ဒေးပါ.။ ဒီလောက်ဆိုရင် ခရီးသွားလို့ နာမည်ပေးထားတဲ့ “ဖိုးကြယ်” တစ်ယောက် ဘာကိုဆိုလိုသလဲဆိုတာ စာရှုသူတွေ နားလည်လောက်မယ် ထင်ပါတယ်.။ ဒီ့တော့ နှုတ်ဆက်ခဲ့ပါတယ် ဘလော့ကလေးရယ် ဆိုပြီးတော့ ၊ ဒီနေ့ဒီအချိန်ထိ ခရီးသွား တစ်ယောက်ရဲ့ အကြာင်းကို ဘာဆို ဘာတစ်ခုမျှ ကျွန်တော်မရေးခဲ့မိဘူးလေ..။ ဒီ့တော့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများ အနေနဲ့ ဖိုးကြယ်ရဲ့ နောက်ဆုံး ပိုစ်လေးကို ရှုစားရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ အကြောင်းကိုပါ သိရှိနားလည်နိုင် ကြပါစေလို့.............................။

1 comment:

ဆောင်း said...

လောလောဆယ်အတွက်တော့ နောက်ဆုံးဖြစ်ချင်ဖြစ်မှာ
အနာဂါတ်ကို ဘယ်သူမှ ကြိုမသိနိုင်ကြလို့ တချိန်ချိန် ဘလော့ကမ္ဘာလေးထဲ ကိုဖိုးကြယ် ပြန်လာခဲ့မယ်လို့ ယူဆထားမယ် ကိုဖိုးကြယ်ရေ..

လတ်တလောအတွက်ဘဲ ခေတ္တခန နုတ်ဆက်တယ်နော်။

Related Posts with Thumbnails