ငယ်ငယ်က ငွေဆိုတာမသိတဲ့သား
အလုပ်ကအိမ်အပြန် အဖေမောလာသလားမမေးခဲ့
လက်ဝါးသာဖြန့်ခဲ့မိတယ်………….။
ငယ်ငယ်က ဘ၀ဆိုတာမသိတဲ့သား
နှစ်ပေါင်းများစွာ အဖေကိုမစာနာခဲ့
မွေးရပ်ကိုခွာ လုပ်ခွင်ရောက်မှ
တစ်ရံခါတွေး ဘ၀ဆိုတာဒါလားအဖေ…………….။
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်
ဟင်းစားပြတ်ရက် လထက်ဝက်နဲ့
ခေါက်ဆွဲစားရတဲ့နေ့တွေတိုင်း အဖေ့ကိုလွမ်းတယ်……………။
အဖေပြောဖူးခဲ့ မေတ္တာမဲ့တဲ့သား
ချစ်ခြင်းမရှိတဲ့သား ခု..၊ချစ်သူတွေမရှိတော့
ခလုတ်ထိမှမိတလို့ နောင်တရဲ့အဓိပ္ပါယ်
သား…၊နားလည်ခဲ့ပြီလေ………………။
လွမ်းလျက်တွေဝေ မာနထန်တင်း
အတိတ်ကိုကျောပေး မုန်တိုင်းတွေ့မှ
ပြန်လာပါဖေ့စကား တဖွားဖွားကြားယောင်
အမှာင်ရုန်းထွက် နောက်ပြန်လှည့်လည်း
စရိတ်အတွက် ရင်လေးမိသေးတယ်အဖေရယ်…………………..။
အလုပ်ကအိမ်အပြန် အဖေမောလာသလားမမေးခဲ့
လက်ဝါးသာဖြန့်ခဲ့မိတယ်………….။
ငယ်ငယ်က ဘ၀ဆိုတာမသိတဲ့သား
နှစ်ပေါင်းများစွာ အဖေကိုမစာနာခဲ့
မွေးရပ်ကိုခွာ လုပ်ခွင်ရောက်မှ
တစ်ရံခါတွေး ဘ၀ဆိုတာဒါလားအဖေ…………….။
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်
ဟင်းစားပြတ်ရက် လထက်ဝက်နဲ့
ခေါက်ဆွဲစားရတဲ့နေ့တွေတိုင်း အဖေ့ကိုလွမ်းတယ်……………။
အဖေပြောဖူးခဲ့ မေတ္တာမဲ့တဲ့သား
ချစ်ခြင်းမရှိတဲ့သား ခု..၊ချစ်သူတွေမရှိတော့
ခလုတ်ထိမှမိတလို့ နောင်တရဲ့အဓိပ္ပါယ်
သား…၊နားလည်ခဲ့ပြီလေ………………။
လွမ်းလျက်တွေဝေ မာနထန်တင်း
အတိတ်ကိုကျောပေး မုန်တိုင်းတွေ့မှ
ပြန်လာပါဖေ့စကား တဖွားဖွားကြားယောင်
အမှာင်ရုန်းထွက် နောက်ပြန်လှည့်လည်း
စရိတ်အတွက် ရင်လေးမိသေးတယ်အဖေရယ်…………………..။

No comments:
Post a Comment