Friday, October 24, 2008

သူငယ်ချင်း တစ်ဦးနှင့် နိဂုဏ်း

အချိန်တွေရဲ့ အတွယ်အတာ
အခြေအနေမဲ့ ဥပါဒ်တွေကြောင့်

မင်းစွန့်သွားတာ မြန်လှတယ်..။

အငိုတစ်စက် အပြုံးတစ်ဝက်မပါဘဲ
နှုတ်ဆက်တာမသိ နှုတ်ဟတာမရှိနဲ့

ငါဝန်ခံပါတယ် မင်းကို...၊
နှစ်သက်ခဲ့ ဖူးတယ်...။

လနဲ့နှစ် သက္ကရာဇ်ဆိုတာ ဝေးသေးတယ်

ဒါပေမယ့် နှစ်ကူးဆိုတဲ့ ကတိလေး
မင်းမို့ ပေးရက်ခဲ့တယ်...။

ထားပါ..၊
လေလှိုင်းထဲမှာမို့ မင်းစွန့်ခွာနိုင်ပါတယ်
လေလှိုင်းထဲမှာမို့ ဥပက္ခာပြုနိုင်ပါတယ်
လေလှိုင်းထဲမှာမို့ ကတိဖျက်နိုင်ပါတယ်
ဒါပေမယ့် သူငယ်ချင်းရယ်
နှုတ်ဆက်ပါတယ် ဆိုတဲ့စကား
ငါကြားခွင့် ရချင်ပါသေးတယ်..။

1 comment:

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးကို ခံစားသွားပါတယ်..
“အငိုတစ်စက် အပြုံးတစ်ဝက်မပါဘဲ..” ဆိုတာလေး မိုက်တယ်.. အမြဲလာအားပေးမယ်..

Related Posts with Thumbnails