Wednesday, October 8, 2008

အငှားသက်သက် နှလုံးသား

တစ်ချိန်တုန်းကပါ ကြာတော့ကြာပြီပေါ့လေ၊ အငှားသက်သက် နှလုံးသား ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျတော် ကဗျာလေး တစ်ပုဒ် ရေးခဲ့ ဖူးပါတယ်.။ အငှား သက်သက် နှလုံးသားဆိုတာ တကယ် တော့ ကျတော် ကိုယ်တိုင်ဘဲ ဖြစ်နေတယ် လို့ ဆိုလိုချင်တာပါ..။အဲဒီ့ အချိန်တုန်းက အခန်းဖော် ဆိုလည်းဟုတ်၊ သူငယ်ချင်း အစ်ကိုဆိုလည်း မမှားတဲ့ ဘလော့ဂါ ကိုရင်ခတ်နွယ် က ဒီကဗျာနဲ့ ပတ်သတ်လို့ မေးးခဲ့ဖူးတဲ့ မေးခွန်းလေးပါ။`ကဲ..၊ဆိုစမ်းပါဦး အငှားသက်သက် ဆိုတာ ဘာကိုဆိုလိုတာလဲ..။မင်းနှလုံးသားက ဘယ်သူတွေကိုများ ငှားခဲ့ဖူးလို့လဲ.။ဒါမှမဟုတ် ဘယ်သူကများ မင်းနှလုံးကို ငှားရမ်း အသုံးပြုနေလို့လဲ ´ တဲ့..။အမှန်အတိုင်း ၀န်ခံရရင် အဲဒီ့အချိန်တုန်းက ဒီမေးခွန်းရဲ့ အဖြေဆိုတာကို ကျတော်တိတိပပ မဖြေနိုင်ခဲ့ ပါဘူး..။ဝေ့လည်ကြောင်ပတ်နဲ့ ဆိုလိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေရပါတယ်.။ဒါပေမယ့် ခုချိန်မှာတော့ ကိုရင်ခတ်နွယ်ရဲ့ မေးခွန်းကို ကျေနပ်လောက်အောင် အထိ ဖြေဆိုနိုင်ပြီလို့ ကျတော်ထင်ပါတယ်..။

ဖိုးကြယ်ဆိုတဲ့ နာမည်ပြောင်လေး တစ်ခုနဲ့ ကျတော် အချစ်နဲ့ ပတ်သတ်တဲ့ အချစ်အကြောင်း ဆိုတဲ့ ကဗျာ၊ ၀တ္တုတို နဲ့ ရသလိုဟာမျိုးတွေ အတော်များများ ရေးခဲ့ပြီးပါပြီ..။ ရေးခဲ့ တင်ပြခဲ့သမျှတွေနဲ့ ပတ်သတ်လို့ ကျတော့်အနေနဲ့ လက်တွေ့ သိခဲ့၊ကြုံခဲ့ ၊ခံစားခဲ့ရဖူးတယ် ဆိုတာ မရှိခဲ့ရပါဘူး.။ တင်ပြခဲ့သမျှ၊ ရေးခဲ့သမျှသော စာပေတွေ အားလုံးဟာ၊ ကျတော့ ပတ်ဝန်းကျင်၊ မိတ်ဆွေတွေနဲ့ အပေါင်း အသင်းတွေဆီက ရရှိခဲ့ရတာပါ..။ဒီ့တော့ ကျတော်ရေးခဲ့ တင်ပြခဲ့သမျှတွေ အားလုံးဟာ ကျတော့်ရင်ထဲ နှလုံးသားထဲက လာတဲ့ စစ်မှန်တဲ့ အရာတွေပါလို့ အတတ်ပြောနိုင်ပါတော့ မည်လား..။နောက်ပြီးတော့ နှလုံးသား အချစ်နဲ့ ပတ်သတ်လို့ အားလုံးသော စာသားတွေ ဟာလည်း သူတစ်ပါးရဲ့ ခံစားချက်၊ သူတစ်ပါးရဲ့ အဖြစ်ပျက်ကို အခြေခံထားတာကြောင့် ငှားယူထားတဲ့ ခံစားချက် ၊ ငှားယူထားတဲ့ အရေး အသားတွေပါဆိုရင်ကော မှန်တယ်လို့ ပြောနိုင်ပါတယ်နော်..။ဒါဆိုရင် ကျတော်တင်ပြခဲ့ သမျှရေးခဲ့ သမျှတွေအားလုံးဟာ အငှားသက်သက်ချည်း ဖြစ်နေပြီဆိုတာ သေချာသလောက် ရှိသွားပြီပေါ့နော်..။ကိုယ့် ခံစားချက်၊ ကိုယ့်အမြင်လည်း မပါတဲ့ အရေးအသား၊ သူတပါးရဲ့ နှလုံးသား ခံစားချက်၊ သူတပါးရဲ့ အမြင်ကို တင်ပြထားတဲ့ အရေး အသားဆိုမှတော့ အငှားသက်သက် ဆိုတဲ့ စကားလုံးဟာ မှန်သလား မမှန်ဘူးလားဆိုတာ စာဖတ်သူတွေ သိသင့်လောက် ပါပြီလေ..။ဒါကြောင့် ကျတော်ဟာ ၊ ဖိုးကြယ်ဆိုတဲ့ ဘလော့ကလေးဟာ အငှားသက်သက် နှလုံးသားပါဘဲ..။သူတပါးဆီက ငှားယူထားတဲ့ အချစ်နဲ့ ပတ်သတ်တဲ့ နှလုံးသား ခံစားမှု အငှားသက်သက် နှလုံးသား ဘဲ ဖြစ်ပါတော့တယ်…။

စကားကြွင်း။ ။တချိန်တုန်းက ရေးသားခဲ့ဖူးတဲ့ အငှားသက်သက်နှလုံးဆိုတာကို ခုချိန်မှာ အများနားလည် လွယ်အောင် ကျတော်တင်ပြနိုင်ခဲ့ ပြီးပါပြီ..။ခုတခါ တက်ဂိမ်းလေး တစ်ခု အနေနဲ့ ပြန်လည် ဆန်းသစ်လိုက်ပါတယ်..။ မိတ်ဆွေများရဲ့ အမြင်၊ သူငယ်ချင်းများရဲ့ အငှားသက်သက် နှလုံးသားကိုလည်း ကျတော့်အနေနဲ့ တဖန် မြင်ချင်ပါသေးတယ်..။

2 comments:

မီးငယ် said...

ညီမလေးတို့လည်းနှလုံးသားကိုငှားရမှာလားဟင်... ??

GreenGirl said...

တို့လည်း နှလုံးသားငှားရမှာလား သူငယ်ချင်းရ :P

Related Posts with Thumbnails