Sunday, August 24, 2008

မော်ဒန်များရဲ့ လက်သုံးစကား

နွေနှောင်းရဲ့ ညနေခင်းတစ်ခုရယ်
မိုးညရဲ့ စိုစွတ်စွတ်အိမ်မက်အချို့ရယ်နဲ့
ဆောင်းနံနက်ရဲ့ ကဗျာတွေက
ငါ့ကို အသိခက်စေခဲ့တာတော့ အမှန်ဘဲ…။
သူများတွေပြောသလို ကယောက်ကယက်ဆိုတာပေါ့
တကယ်တော့ အချစ်ဆိုတာကိုလူတွေက..၊
ရယူဖို့ဘဲ သိတတ်ကြတော့…၊ခက်တယ်
ငါလေ..၊တစ်ခါတစ်လေမှာ
စိတ်ညစ်နူးလိုက်တာ ……….၊………..၊……။
ပြောလိုက်တော့ ချစ်တာကိုး
တစ်လကြာရင် အသည်းကွဲဇာတ်
နှစ်လဆိုရင် လမ်းသစ်ထွင်
သုံးလမြောက်တော့ လေသံကဒီလိုဒီလို
`အရင်တစ်ယောက်နဲ့ ဘာမှမထူးဘူး´။
ဒါကိုတောင်ဆိုလိုက်သေး မော်ဒန်တဲ့…၊
အဟက်ဟက်……….၊…………..၊…………။
လူနှစ်ယောက် ခံယူချက်နှစ်မျိုးနဲ့
အချစ်အကြောင်း သံစုံကြူးရင့်ကြတယ်
ရယူခြင်းနဲ့ ပေးဆပ်မှု၊ ဘယ်သူပိုသာလဲတဲ့
အချိန်လည်တာသာကြာတယ် သူတို့….၊
လူပျိုတွေသာ ဖြစ်နေကြဆဲ သူတို့…..၊
ငြင်းခုံနေကြဆဲ………၊
ကြုံလို့ပါ မင်းကိုငါတစ်ခုပြောလိုက်မယ်
ရယူမှုနဲ့ ပေးဆပ်ခြင်းမှာ
မင်းရဲ့ ပျော်ရွှင်ရေးသည်သာမာန်တိုင်
မင်းရဲ့ ကျေနပ်နိုင်ခွင့်သည်သာအဓိက
မင်းရဲ့ ဆုံးဖြတ်ချက်သည်သာ
မေတ္တာစစ် မည်တော့မှာပေါ့……………၊…………….၊……….။

2 comments:

ရွှေရောင်ကောင်းကင် said...

အချစ်တစ်ခုမှာ မေတ္တာစစ် ၊မေတ္တာမှန်သာ အရေးကြီးဆုံးလို့ထင်တယ်ဗျ... အချစ်ဖြစ်ပေါ်နေတဲ့ အချစ်တွေက လိုက်ရတော်တော်ဝေးတယ်ဗျ... တစ်ယောက်မကောင်း နောက်တစ်ယောက်တွေများလာတာပဲ ရှိတယ်။း)))

ဖြိုးငယ် said...

ဒီကလေးတော်တော်ကောင်းတယ်ဗျို့

Related Posts with Thumbnails