Thursday, May 15, 2008

ရသကဗျာ

မော်ဒန်ကဗျာ....၊
အကြီးစား အသေးစား
အနိမ့် အမြင့်
ခွဲခြမ်း စိတ်ဖြာရင်း
ဟိုအရင်က ငယ်ဘဝ
ငါ့ပျိုးပင်လေး အသိဝင်စရှိသေးတယ်...။

ငါ့ရွက်နုတွေ လေပြင်းကချွေ
အက်ဆစ်မိုးတွေ သွန်းကာဖြိုးတော့
အဆိပ်သင့် သစ်သီးမို့ လျှစ်လျှူရှုကြတာမဆန်း
မထူးဆန်းတဲ့ အဖြစ်လည်းဖြစ်ပြန်တော့
ထီးထီးသာ နေခဲ့မိတယ်ပေါ့...။ ..........။

မယ်လိုဒီအကြိုက် တေးသွားလိုက်လို့
ခြေဆန့်မိတဲ့ သက္ကရဇ်တွေနဲ့
ဆောင်းညတွေကိုလည်း ကြောက်တယ်
အနာဂတ်ကိုလည်း ကြောက်တယ်
လွမ်းရမှာကိုလည်း ကြောက်တယ်
လူကြောက်လို့ ဆိုချင်ဆို
အဖြစ်မရှိလို့ ပြောလိုကပြော
အချစ်ဦးသည်သာ ထာဝရ.......................။

No comments:

Related Posts with Thumbnails