ပေလွှာတွေအများ ကြီးဘဲ လုံးလိုက်ပစ်လိုက်နဲ့  လုံးချင်းတွေလည်း တောင်လို ပုံနေ ပြီ။မကြာခင်နေညိုတော့မှာ ပါလား..။အတွေးတွေ က တွေးလိုက်လည်လိုက် မုန့် လုံးကို ဖြစ်မှန်းမသိကိုဖြစ်နေတာ..။နောက်ဆုံးတော့လည်း အားလုံးဟာ ပြီးဆုံးမယ့် အရာတွေချည်း။ အမြဲလိုလို ဟေ့လူလို့ခေါ်တတ်ပေမယ့် ကြာတော့လည်း အဲလို အမေးခံရမှာကိုတောင် ကြောက်လာတယ်..။တကယ်ဆို ကိုယ်ကလည်း ဧည့်သည်တစ်ယောက် မဟုတ်ပါလား.။နွေရဲ့ နေ့ လည်တွေ ပျင်းပျင်းနဲ့  လေညှင်းခံ စက်ဘီးစီးတာတွေ ကြာတော့လည်း မိဘတွေ ဘဲ ငယ်ရာက ကြီးလာကြတာ သိနေ လောက် ပါပြီ..။တစ်ခုခက်နေသည်က ပန်းလေးပါ..။လာမဲ့ နှစ်ရက် သုံးရက် ဆို တက္ကသိုလ်ဝင်တန်းတွေ အတန်းတင် စာမေး ပွဲ ..။ရောဂါသည်လေးမို့  မိဘမောင်ဖွားတွေ ကြားမှာ
.`ဟေ့လူကြီး ဒီနေ့  ကျတော့မွေးနေ့ လေ လက်ဆောင်လေးဘာလေး ပေး ဖို့  စိတ်မပါဘူးလား´ တဲ့ မှတ်ကရောဗျာ..။နယ်နယ်ရရတော့ မဟုတ်ဘူးဗျို လာပြောတာကသူ့ အိပ်ရာဘေးနားထိကိုလာပြောတာ..။အစ်ကိုလုပ်တဲ့ကောင်ကလည်း နင်ဘာလာလုပ်တာလဲ ဘာလဲ မေးမယ်ထင်မနေတဲ့  တစ်ရက်နေ လို့  တစ်နာရီ ဖင်ပူအောင် အိမ်မှာထိုင်နိင်တဲ့ ကောင်မဟုတ်ဘူး..။သူ့ အိပ်ယာက နှစ်ထပ်လေ နှစ်ယောက်တက်အိပ်လို့ ရတဲ့ ကုတင်မျိုးပေါ့.။ပက်လက်လှန် ပြီးစာအုပ်ဖတ်နေ တုန်းလာပြောသွားတာ..။နေ့ ကနေ ရက် ..၊ရက်ကနေ လ ၊ပြောင်းလို့ လာတိုင်း ပန်းလေးဆိုတဲ့ ဟိုလိုလို ဒီလိုလို ကောင်မလေးဟာလည်း ပြောင်းလဲမှန်းမသိကို ပြောင်းလဲလာ ပါရဲ့..။ အရင်က မိန်းကလေးလို နေ ဖို့  ဘယ်လောက်ပြောပြော နားမ၀င်တဲ့ တစ်ယောက် ခုတော့များ ပြောမနေ နဲ့ တော့ ..။လှချင်လိုက်တာ သူ့ အပြင် နှစ်ယောက် မရှိဘုူး.။ တော်ကြာ ရေကူး သင်တန်းဆိုလည်းသွားလိုက်တာဘဲ ..၊မနေ့ တစ်နေ့  ကမှ ပေါ်ပေါက်လာတဲ့ အေရှိုးပစ်လို သင်တန်း မျိုးဆိုလည်း လိုက်သွားလိုက်တာဘဲ..။ အခြေအနေက ဆိုးသည်ထက်
ပို လို့  သာဆိုးလာတယ်လို့  သူကတော့ မြင်မိတာဘဲ..။ အမှန်ကိုဘဲ ဆိုးဆိုးရွားရွား နိုင်လှတဲ့ အခြေအနေ မို့  ပါ..။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပေါ့ နယ် မှ ကျန်ခဲ့ သို့  မိတ်ဆွေ
တစ်ယောက်ဆီက စာတစ်စောင်ရောက်လာတယ်လေ..။အင်း သူတွက်မိတယ် တကယ့်တကယ် ပြဿ နာက အဲဒီ့ ကစတာဘဲ ဖြစ်ရမယ်..။မဟုတ် လို့ ကတော့ အဲဒီ့လောက်ထိ ဖြစ်သွားစရာ
အကြောင်းမှ မရှိတာ..။ဖြစ်ပုံက ဒီလို ပါ သူကျောင်းကြ့ပန်ရောကတော့ ပန်းလေးကိုရှာ မိပါသေးတယ်..။သူ့  အဖေနဲ့  အမေကတော့ သူတို့  သမ္မီး တစ်ခုခုကို ကောက်နေ ပြီမှန်း သိတ်သိတာပေါ့..။အဲဒီ့နေ့ က
တစ်ညနေ လုံး ပန်းလေး တို့  ပျောက် ချက် က ညစာတောင် လာ မစား ဘူးဗျာ၊အဲလောက်ထိ ကောက်တာ..။ သူလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့ ဒီတိုင်းလေးဘဲပေါ့လေ...။
မိန်းကလေးတစ်ယောက်ဆီက မေတ္တာဆိုတာကို ပြန်လည်တောင်းဆိုတယ်ဆိုတာ ပြင်ပလောကမှာ သိတ်ကိုရှားပါးလွန်းပါတယ်..။
အဲဒီ့လိုရှားရှားပါးပါးထဲမှာမှ သူဆိုတဲ့ကောင်လည်းတစ်ယောက်အပါအ၀င် ဖြစ်သွားခဲ့တယ်လေ.။ထူးဆန်းလားဆိုတော့ မဆန်းဘူးလို့ ပြောရမှာဘဲ ။
အဲဒီ့နေ့  က အဲဒီ့ကောင်မလေး ရဲ့အပျော်ဆုံးနေ့ ဆိုပါတော့..။ပန်းလေးတစ်ပွင့်ကို လက်ထဲမှာ အမြဲလိုလို ကိုင်ဆောင်ထားတတ်တဲ့ ကောင်မလေးတစ်ယောက် သူမချစ်တဲ့သူဆီက
ချစ်အဖြေရတုန်းကလည်း ပန်းလေးတစ်ပွင့်ကို ကိုင်ဆောင် ထားခဲ့တာပါဘဲ..။စာမေးပွဲတွေ နီးမှန်းမသိနီးလာပါပြီ..။သူ့ ဆုံးဖြတ်ချက်ကိုတော့ တစ်အိမ်သားလုံးကို ထုတ်ပြောမှ ဖြစ်တော့မယ်လေ..။
တိတ်ဆိတ်ညိမ်သက်နေတဲ့ နံနက်စာစားဝိုင်း---အစကတည်းက မြင်ပြီးသားလို့ မိဘတွေရဲ့မျက်လုံးတွေက သက်သေပြနေကြတယ်..။ဦးခေါင်းစိုက်ချထားတဲ့ သူ့ အတွေးတွေ..။
မဖြစ်နိုင်ပါဘူး..၊ဘယ်လိုမှကို မဖြစ်နိုင်တာပါ..။စေ့စပ်ထားတဲ့ မိန်းကလေး တစ်ယောက်ဟာ အခြားခြားသော ပုရိသတွေကို စိတ်ထဲမှာ စွဲလန်းခွင့်တောင် မရှိတာ သူလည်းအသိ
ပန်းလေးလည်း အသိဘဲ။စာရေးဆရာတွေ သုံးသုံးနေတဲ့ ကံကြမ္မာရဲ့ လှည့်စားချက်ဆိုတာလား.။မြန်မာစာဖြေဆိုရမယ့် နံနက်ခင်းတစ်ခုမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာလေးတွေ
ကနေ့  စာမေးပဲနောက်ဆုံးနေ့  သိပ္ပံတွဲ ဖြေဆိုရမယ့် နေ့ ..။အမြဲလိုလို ဆုံနေ ကျကျောင်းရှေ့က ဆုံဆည်းရာမှာ သူတို့  တွေ့ ကြပြီ..။
မမြင်ချင်တဲ့ ပါးပြင်ထက်ကမြစ်ပင်လယ်တွေကိုမြင်ရပြန်ပြီပေါ့..။သူ တို့ဆိုတာက သူရယ်ပန်းလေးရယ်နဲ့  ပန်းလေးရဲ့သူငယ်ချင်းဆိုတဲ့ ခပ်လောင်လောင် ယောင်္ကျားလျာလေး အချို့ ပါ..။
အချိန်က ညနေ သုံးနာရီ ကျော်ကာစ။ဒီအချိန်တောင်ပေါ်တက်ဖို့ကောင်းတယ်လို့  တစ်ယောက်သော ကောင်လေးရဲ့  အကြံနဲ့ ညနေငါးနာရီလောက်မှာ သူတို့ တောင်ပေါ်ကိုတက်ကြတယ်..။
လမ်းမှာတော့ ပျော်သလိုလို ၀မ်းနည်းသလိုလို ။ပန်းလေးလည်း သူ့  လိုဘဲ ခံစားရမယ်ဆိုတာ သူအတတ်သိနေသည်ဘဲ..။
နေ၀င်ကာစ မှောင်ပျပျမှာ အိမ်ပြန်ဖို့  ပြောတဲ့ သူ့ စကားတွေဟာ အချိန်ဆိုတာ တန်းဖိုးရှိတယ်ဆိုတာမျိုး .နောက်ထပ်ဆိုတာ မလွယ်တော့ ဘူးနော်ဆိုတဲ့လေလှိုင်းတွေရဲ့အောက် နစ်မြုတ်ကာနီးပါ။
အသိတစ်ချက်အလက်မှာ သူအပါအ၀င် အားလုံးအိမ်ကို ပြန်ဖို့  အတည်ပြုလိုက်ကြတယ်..။
နောက်တစ်နေ့  နံနက်စောစော မနက် လေးနာရီခွဲလောက် တော့ ရှိပြီ ထင်တာဘဲ..၊တစ်မိသားလုံး အလုပ်ရှုတ်သွားလိုက်တာ။
သူကတော့ ရှေ့ဆုံးပေါ့ ပန်းလေးတစ်ယောက် ကောက်ကာငင်ကာ အရေးပေါ် ဆေးရုံတင်လိုက်ရခြင်းပါဘဲ...။
ဘာကြောင့် လဲ ...........၊အဖြေကတော့ သိတ်ကိုရှင်းလွန်းပါတယ် ဗျာ..။
သူလည်း ဘာလုပ်လို့  ဘာကိုင်ရမယ်မှန်းမသိ မိဘတွေနဲ့ သူ့  သူငယ်ချင်းကတော့ အကြောင်းစုံးသိပြီး ပုံမျိုး မထူးတော့ တဲ့ အဆုံးမို့  သူ့ စိတ်ကို တင်းလိုက်တယ်..။
တစ်ခုခုကိုပြောဖို့  သူအားမွေးလိုက်ချိန်မှာ အရာရာ အားလုံးကို သူပေးဆပ်ရတော့မယ်။ဘယ်သူ့ မှာမှ အပြစ်မရှိ သူ့ မှာလည်း မဟုတ် ပန်းလေး ကြောင့် လည်း မဟုတ် ၊
လူအများပြောပြောနေတဲ့ ကံ ကြမ္မာကြောင့်လား..၊မသိသေးတဲ့ အနာဂတ်ကို ကြိုတင်လွမ်းတယ် ဆိုတာ တကယ်တော့ သဘာဝမကျပါဘူး..။
သို့ သော်.............။တကယ်ဆိုရင် မဖြစ်သင့်ပါဘူးဆိုတဲ့ ပန်းလေးရဲ့စကားသံအဆုံး ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တတိတ်ဆိတ် ။
စိတ်ညှို့ ခံထားရသူတို့ ရဲ့မူနဲ့ သူ့ခြေလှမ်းတွေ ရုတ်တရက်လေးလံ သွားတယ်..။`အိ´ဆိုတဲ့ ရှိုက်သံတစ်ချက်က သူ့နားထဲမှာ ကနေ့ ထိ ကိုးလို့  ကန်းလန့်..။
ကြာခဲ့ပါပြီ..၊မနေ့ တစ်နေ့ ကလိုဘဲ မြန်ဆန်လိုက်တာလို့ ပြောပြန်ရင်လည်း အပိကြောင်းထပ်နေ တာဘဲ လို့ ပြောကြဦးမယ်..။
မှန်တာပေါ့ ဘယ်လောက်ပင် အပ်ကြောင်းထပ်လည်း အိမ်မှတော့ သူတစ်ခွန်းဆို တစ်ခွန်းမှ မဟရဲ...။
အဆုံးအစွန်ထိ သူ့ဘ၀ရဲ့ တစ်ချိန်တုန်းက စာရွက်ဖြူဖြူလေးကို ဒီလိုနေရာမျိုးမှာ ထုတ်ပြဖို့  နေနေသာသာ သမိုင်းမှာ မရှိခဲ့ဘူးလို့ တောင် ညာခဲ့တဲ့ အကြိမ်ပေါင်း ရေတွက် နိုင်မည်မထင်..။
ဘာကြောင့်ဆို ခုဆိုလျှင်ဘဲကြည့် ..၊အငယ်ကောင်က ဒီနှစ်ဆို နှစ်တန်း ၊အကြီးကောင်က တော့ ငါးတန်းတက်မှာ ။သူတို့ ကလေးတွေရဲ့ ရှေ့ရေးနဲ့ ကရှိသေးတယ် မဟုတ်ပါလား..။
အိမ်က ကကျီကချောင် ကြီ၊းကလည်းတစ်မျိုးပေါ့လေ..။အချစ်ဆိုတာမျိုးဟာ လူ့စိတ်ကို တစ်သက်မှာတစ်ကြိမ်တော့ ပျော်ရွှင်မှု ပေးနိုင်ခဲ့ပါရဲ့..။
သို့ သော် အချစ်သည် တစ်သက်တာ အတွက် ဒိုင်ယာရီတစ်ပုဒ် အဖြစ်နဲ့ သာ...............။.....................။............။။။။။။။။။။။။။။.................။။

No comments:
Post a Comment