Saturday, February 16, 2008

သူငယ်ချင်းဟောင်း

သူငယ်ချင်း............၊
ကဖီးရဲ့ချောင် ကလောင်သွေးလို့ 
ဆေးလိပ်တိုတွေ မြေမှာခတယ်
မင်းနဲ့ ငါရဲ့ ကျောင်းဆင်းချိန်ကို
လွမ်းတယ်.............။

သူငယ်ချင်း..........၊
လူသူရှင်းတဲ့ အိမ်ပြန်လမ်းမှာ
စီးချက်ညီ တေးသွားသီလို့ 
မြေနီလမ်းက စက်ဘီးရာလေးတွေကို
လွမ်းတယ်.............။

သူငယ်ချင်း..........၊
ဂစ်တာအိုပိုက် အဆောင်တစ်ဝိုက်နဲ့ 
.မြတ်နိုးသူတွေ ပျော်ရွှင်စေဖို့ 
တင်ဆက်ခဲ့ရတဲ့ ညတွေကို
လွမ်းတယ်...........။

သူငယ်ချင်း...........၊
ရေပြောင်းမြေပြောင်း အရွယ်ပြောင်းမှာ
မျိုးဆက်တံခွန် စိုက်ထူခဲ့တဲ့မင်းကို
လွမ်းတယ်.........။

သူငယ်ချင်း........၊
ကြမ်းကြမ်းတမ်းတမ်း ခရောင်းလမ်းထက်
မတိမ်းမစောင်း ငါခုတ်မောင်းရင်း
မင်းနဲ့ ငါ..........၊
ဧည့်ခန်းတွေ.........၊
ခြားနေခဲ့ ရပြီ........။.........။

1 comment:

ရွှေရောင်ကောင်းကင် said...

သူငယ်ချင်း........၊
ကြမ်းကြမ်းတမ်းတမ်း ခရောင်းလမ်းထက်
မတိမ်းမစောင်း ငါခုတ်မောင်းရင်း
မင်းနဲ့ ငါ..........၊
ဧည့်ခန်းတွေ.........၊
ခြားနေခဲ့ ရပြီ........။.........။

ဒီအပုဒ်လေးကို တော်တော်ကြိုက်တယ်ဗျာ.. ဆက်လက်အားပေးနေပါတယ် ...။ ပျော်ရွှင်သော ဘ၀တစ်ခုကို ရရှိနိုင်ပါစေဗျာ...

Related Posts with Thumbnails